K pop

■ SM, YG, JYP နဲ့ HYBE ထဲမှာ ဝတ်စုံတွေအတွက် ဘယ်အေဂျင်စီ ငွေကြေးအများဆုံးသုံးသလဲ ?

— – – သူတို့အားလုံးထဲမှာ အေဂျင်စီတစ်ခုက ထိုးထွက်နေတာပါ …

BIGBANG, BTS, BLACKPINK, TXT, SHINee Taemin, Park Jin Young အပါအဝင် Idol တွေများစွာနဲ့ လက်တွဲပြီး အလုပ်လုပ်ခဲ့တဲ့ Kim Tae Young (ခေါ်) Balko နဲ့ Lim Heon Soo တို့ဟာ Youtube channel တစ်ခုဖြစ်တဲ့ AYO ရဲ့ Comment Defenders အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ Stylists နှစ်ယောက်ဟာ K-Pop ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို ဖြေကြားပေးခဲ့ကြပြီး ပရိသတ်တစ်ဦးရဲ့ မေးခွန်းက ပရိသတ်တွေအကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့တာပါ။

သူက လက်ရှိကိုရီးယားရဲ့ ထိပ်တန်းအေဂျင်စီတွေဖြစ်တဲ့ JYP Entertainment, YG Entertainment, SM Entertainment နဲ့ HYBE တို့ထဲမှာ ဘယ်အေဂျင်စီက Idol တွေရဲ့ အဝတ်အစားအတွက် ငွေကြေးအများဆုံး အသုံးပြုသလဲလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီမေးခွန်းကို Balko က “SM Entertainment က Idol တွေရဲ့ အဝတ်အစားတွေ၊ ဝတ်စုံတွေနဲ့ ပတ်သက်ပြီး အရမ်း အားထုတ်ပုံပေါ်ပါတယ်။ ဒါပေမဲ့ YG Entertainment က Idol တွေရဲ့ ဝတ်စုံတွေ၊ အဝတ်အစားတွေနဲ့ပတ်သက်လို့ ပိုပြီး ဖန်တီးထုတ်လုပ်လေ့ရှိပါတယ်။ ဒါကြောင့် YG Entertainment က သူတို့ရဲ့ အဝတ်အစားတွေအတွက် ငွေကြေးပိုပြီး အသုံးပြုတယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်ပြီးတော့ သူက “ပိုပြီး အသေးစိတ်ပြောရမယ်ဆိုရင် တချို့ဝတ်စုံတွေက ပိုပြီး ဈေးကြီးပါတယ်။ အဖွဲ့မှာ လူများလို့ ငွေကြေး ပိုကုန်တယ်ဆိုတာမျိုး မရှိပါဘူး။ MV တွေကို ကြည့်လိုက်မယ်ဆိုရင် YG Entertainment ထုတ် အဖွဲ့တွေရဲ့ ဝတ်စုံ Collection တွေကို တွေ့နိုင်ပါတယ်။ ဒါကြောင့် သူတို့ဟာ ဝတ်စုံတွေအတွက် ငွေကြေးအများဆုံး သုံးတယ်လို့ ထင်ပါတယ်”လို့ ဆိုခဲ့တာပါ။

Ref: Koreaboo

 

-Zawgyi

■ SM, YG, JYP နဲ႔ HYBE ထဲမွာ ၀တ္စုံေတြအတြက္ ဘယ္ေအဂ်င္စီ ေငြေၾကးအမ်ားဆုံးသုံးသလဲ

— – – သူတုိ႔အားလုံးထဲမွာ ေအဂ်င္စီတစ္ခုက ထုိးထြက္ေနတာပါ …

BIGBANG, BTS, BLACKPINK, TXT, SHINee Taemin, Park Jin Young အပါအ၀င္ Idol ေတြမ်ားစြာနဲ႔ လက္တဲြၿပီး အလုပ္လုပ္ခဲ့တဲ့ Kim Tae Young (ေခၚ) Balko နဲ႔ Lim Heon Soo တုိ႔ဟာ Youtube channel တစ္ခုျဖစ္တဲ့ AYO ရဲ႕ Comment Defenders အစီအစဥ္မွာ ပါ၀င္ခဲ့ပါတယ္။

အဲဒီအစီအစဥ္မွာ Stylists ႏွစ္ေယာက္ဟာ K-Pop ပရိသတ္ေတြ သိလုိသမွ် ေမးခြန္းေတြကုိ ေျဖၾကားေပးခဲ့ၾကၿပီး ပရိသတ္တစ္ဦးရဲ႕ ေမးခြန္းက ပရိသတ္ေတြအၾကား စိတ္၀င္စားစရာ ျဖစ္ခဲ့တာပါ။

သူက လက္ရွိကုိရီးယားရဲ႕ ထိပ္တန္းေအဂ်င္စီေတြျဖစ္တဲ့ JYP Entertainment, YG Entertainment, SM Entertainment နဲ႔ HYBE တုိ႔ထဲမွာ ဘယ္ေအဂ်င္စီက Idol ေတြရဲ႕ အ၀တ္အစားအတြက္ ေငြေၾကးအမ်ားဆုံး အသုံးျပဳသလဲလုိ႔ ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

အဲဒီေမးခြန္းကုိ Balko က “SM Entertainment က Idol ေတြရဲ႕ အ၀တ္အစားေတြ၊ ၀တ္စုံေတြနဲ႔ ပတ္သက္ၿပီး အရမ္း အားထုတ္ပုံေပၚပါတယ္။ ဒါေပမဲ့ YG Entertainment က Idol ေတြရဲ႕ ၀တ္စုံေတြ၊ အ၀တ္အစားေတြနဲ႔ပတ္သက္လုိ႔ ပုိၿပီး ဖန္တီးထုတ္လုပ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ YG Entertainment က သူတုိ႔ရဲ႕ အ၀တ္အစားေတြအတြက္ ေငြေၾကးပုိၿပီး အသုံးျပဳတယ္လုိ႔ ထင္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

ဆက္ၿပီးေတာ့ သူက “ပုိၿပီး အေသးစိတ္ေျပာရမယ္ဆုိရင္ တခ်ဳိ႕၀တ္စုံေတြက ပုိၿပီး ေစ်းႀကီးပါတယ္။ အဖဲြ႕မွာ လူမ်ားလုိ႔ ေငြေၾကး ပုိကုန္တယ္ဆုိတာမ်ဳိး မရွိပါဘူး။ MV ေတြကုိ ၾကည့္လုိက္မယ္ဆုိရင္ YG Entertainment ထုတ္ အဖဲြ႕ေတြရဲ႕ ၀တ္စုံ Collection ေတြကုိ ေတြ႕ႏုိင္ပါတယ္။ ဒါေၾကာင့္ သူတုိ႔ဟာ ၀တ္စုံေတြအတြက္ ေငြေၾကးအမ်ားဆုံး သုံးတယ္လုိ႔ ထင္ပါတယ္”လုိ႔ ဆုိခဲ့တာပါ။

Ref: Koreaboo

You cannot copy content of this page