— – – လိပ်ပြာကြည့်တဲ့ ကောင်မလေးဟာ BLACKPINK သီချင်းနဲ့ ဒွန့်နေပုံက …
Han Sohee ဟာ လက်ရှိမှာ ကိုရီးယားရဲ့ အဟော့ဆုံးမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး The World of the Married ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိမှာလည်း Nevertheless ဇာတ်လမ်းတွဲက Yoo Nabi ဆိုတဲ့ ဇာတ်ကောင်နဲ့ Han Sohee ဟာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူပါ။
ကိုရီးယားအွန်လိုင်း Community တွေမှာတော့ မင်းသမီး Han Sohee ရဲ့ ဗီဒီယိုဖိုင်တွေ ပျံ့နှံ့နေပြီး BLACKPINK အဖွဲ့ရဲ့ သီချင်းတွေကို Dance Cover လုပ်ထားတဲ့ Han Sohee ရဲ့ ဗီဒီယိုဖိုင်တွေက ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။
အောက်က ဗီဒီယိုဖိုင်ကတော့ BLACKPINK အဖွဲ့ရဲ့ As If It’s Your Last သီချင်းကို Han Sohee က Dance Cover လုပ်ထားတာဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းကတော့ အဲဒီဖိုင်လေးနဲ့အတူ “နင်နဲ့ ဘယ်တော့မှ မသောက်တော့ဘူး”ဆိုပြီး ရေးသားထားပါတယ်။
နောက်တစ်ခုကတော့ ‘Ddu-Du Ddu-Du’ သီချင်းကို Han Sohee က Dance Cover လုပ်ထားတာဖြစ်ပြီး ပရိသတ်တွေကတော့ သူမရဲ့အကကို ချီးကျူးခဲ့ကြသလို၊ BLACKPINK အဖွဲ့နဲ့အတူ ကတာကို မြင်ချင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Ref: KSL