— – – စိတ်ကျရောဂါ ခံစားနေရပြီး မိမိအသက်ကို အန္တရာယ်ပြုတဲ့အထိ ဖြစ်ခဲ့တဲ့ Mina က …
ပြီးခဲ့တဲ့ ရက်ပိုင်းက AOA အဖွဲ့ဝင်ဟောင်း Kwon Mina ဟာ အပြင်ထွက်ရင်း ရိုက်ကူးထားတဲ့ သူမရဲ့ ဓာတ်ပုံတစ်ပုံကို Instagram မှာ မျှဝေခဲ့ပါတယ်။ အဲဒီဓာတ်ပုံမှာ တံတားပေါ် ပျော်ရွှင်စွာ ရှိနေတဲ့ Kwon Mina ကို မြင်တွေ့ရမှာပါ။
ထုံးစံအတိုင်း သူမရဲ့ ဓာတ်ပုံမှာ ပရိသတ်ပေါင်းများစွာ Comment တွေ ပေးခဲ့ကြပြီး အဲဒီထဲမှာ ပရိသတ်တစ်ယောက်က “မင်းအနေနဲ့ Instagram ကို မသုံးလောက်တော့ဘူးလို့ ထင်နေတာ။ ဘာကြောင့် သုံးနေသေးတာလဲ”လို့ Comment ရေးခဲ့ပါတယ်။
အဲဒီ Comment ကို Kwon Mina က “Instagram ကို သုံးရင်းနဲ့ ကျွန်မကို နားလည်အားပေးတဲ့ ပရိသတ်တွေ များစွာရှိကြောင်း သိခဲ့ရတယ်။ ဒါကြောင့် Instagram မသုံးဖို့ အကြောင်းမရှိဘူးလို့ ကျွန်မ ထင်ပါတယ်”ဆိုပြီး တုံ့ပြန်ခဲ့တာပါ။
အရင်တုန်းက Kwon Mina က သူမအနေနဲ့ စိတ်ကျရောဂါကို ကုသဖို့အတွက် Social Media အသုံးပြုမှုကို ရပ်တန့်မယ်လို့ ပြောဆိုခဲ့ပေမဲ့ Deactive လုပ်ပြီး မကြာခင်မှာပဲ ပြန်လည်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
Ref: KSL
-Zawgyi
■ Social Media ကုိ ဘာေၾကာင့္ အသုံးျပဳေနေသးသလဲလုိ႔ ေမးျမန္းခဲ့တဲ့ ပရိသတ္ကုိ Mina တုံ႔ျပန္
— – – စိတ္က်ေရာဂါ ခံစားေနရၿပီး မိမိအသက္ကုိ အႏၱရာယ္ျပဳတဲ့အထိ ျဖစ္ခဲ့တဲ့ Mina က …
ၿပီးခဲ့တဲ့ ရက္ပုိင္းက AOA အဖဲြ႕၀င္ေဟာင္း Kwon Mina ဟာ အျပင္ထြက္ရင္း ႐ုိက္ကူးထားတဲ့ သူမရဲ႕ ဓာတ္ပုံတစ္ပုံကုိ Instagram မွာ မွ်ေ၀ခဲ့ပါတယ္။ အဲဒီဓာတ္ပုံမွာ တံတားေပၚ ေပ်ာ္ရႊင္စြာ ရွိေနတဲ့ Kwon Mina ကုိ ျမင္ေတြ႕ရမွာပါ။
ထုံးစံအတုိင္း သူမရဲ႕ ဓာတ္ပုံမွာ ပရိသတ္ေပါင္းမ်ားစြာ Comment ေတြ ေပးခဲ့ၾကၿပီး အဲဒီထဲမွာ ပရိသတ္တစ္ေယာက္က “မင္းအေနနဲ႔ Instagram ကုိ မသုံးေလာက္ေတာ့ဘူးလုိ႔ ထင္ေနတာ။ ဘာေၾကာင့္ သုံးေနေသးတာလဲ”လုိ႔ Comment ေရးခဲ့ပါတယ္။
အဲဒီ Comment ကုိ Kwon Mina က “Instagram ကုိ သုံးရင္းနဲ႔ ကၽြန္မကုိ နားလည္အားေပးတဲ့ ပရိသတ္ေတြ မ်ားစြာရွိေၾကာင္း သိခဲ့ရတယ္။ ဒါေၾကာင့္ Instagram မသုံးဖုိ႔ အေၾကာင္းမရွိဘူးလုိ႔ ကၽြန္မ ထင္ပါတယ္”ဆုိၿပီး တုံ႔ျပန္ခဲ့တာပါ။
အရင္တုန္းက Kwon Mina က သူမအေနနဲ႔ စိတ္က်ေရာဂါကုိ ကုသဖုိ႔အတြက္ Social Media အသုံးျပဳမႈကုိ ရပ္တန္႔မယ္လုိ႔ ေျပာဆုိခဲ့ေပမဲ့ Deactive လုပ္ၿပီး မၾကာခင္မွာပဲ ျပန္လည္အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။
Ref: KSL