K pop

■ BLACKPINK နဲ့ယှဉ်နိုင်တဲ့ အမျိုးသမီးအဖွဲ့သစ်ကို ပွဲထုတ်မယ်လို့ HYBE Labels ဆို

— – – Visual ရော Skill ပိုင်းမှာပါ BLACKPINK နဲ့ ယှဉ်နိုင် ….

BTS အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ HYBE Labels ဟာ ၂၀၂၁ စတုတ္ထနှစ်ဝက်မှာ သူတို့အနေနဲ့ အမျိုးသမီးအဖွဲ့သစ် တစ်ဖွဲ့ကို ပွဲထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး HYBE Labels ရဲ့ Official Executive တစ်ဦးက “ကျွန်တော်တို့အနေနဲ့ ဒီနှစ် စတုတ္ထနှစ်ဝက်မှာ အမျိုးသမီးအဖွဲ့သစ်တစ်ဖွဲ့ကို ပွဲထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဘယ်နေ့ ပွဲထုတ်မယ်။ အဖွဲ့ဝင် ဘယ်နှစ်ယောက် ပါဝင်မယ်၊ ဘယ်ဂီတအမျိုးအစားကို အသုံးပြုမယ်ဆိုတာကိုတော့ ကျွန်တော်တို့ စိစစ်နေဆဲပါ။

ကျွန်တော်တို့အနေနဲ့ ပွဲထုတ်မယ့် အမျိုးသမီးအဖွဲ့အပေါ် များစွာ ရည်မှန်းချက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲထုတ်မယ့် အမျိုးသမီးအဖွဲ့သစ်ဟာ Visual ရော Skill ပိုင်းမှာပါ BLACKPINK အဖွဲ့နဲ့ ကောင်းကောင်း ယှဉ်နိုင်လို့ပါပဲ”လို့ ဆိုပါတယ်။

အဲဒီသတင်း ထွက်ပေါ်လာပြီးနောက် အဖွဲ့သစ်ကို BLACKPINK အဖွဲ့နဲ့ နှိုင်းယှဉ်ခဲ့တာကြောင့် K-Pop ပရိသတ်တွေ၊ အထူးသဖြင့် BLACKPINK ပရိသတ်တွေက HYBE Labels ရဲ့ Official Executive ကို ဝေဖန်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ HYBE Labels အနေနဲ့ Korea Intellectual Property Office ရဲ့ KIPRIS မှာ ‘RED MARBLE’ နဲ့ ‘CHAKHO’ တို့ကို မူပိုင်ခွင့်တင်ထားပြီး ပွဲထွက်လာမယ့် အမျိုးသမီးအဖွဲ့သစ်ရဲ့ အမည်တွေထဲ တစ်ခုဖြစ်နိုင်တယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Ref: KSL

 

-Zawgyi

■ BLACKPINK နဲ႔ယွဥ္ႏုိင္တဲ့ အမ်ဳိးသမီးအဖဲြ႕သစ္ကုိ ပဲြထုတ္မယ္လုိ႔ HYBE Labels ဆုိ

— – – Visual ေရာ Skill ပုိင္းမွာပါ BLACKPINK နဲ႔ ယွဥ္ႏုိင္ ….

BTS အဖဲြ႕ရဲ႕ ေအဂ်င္စီျဖစ္တဲ့ HYBE Labels ဟာ ၂၀၂၁ စတုတၳႏွစ္၀က္မွာ သူတုိ႔အေနနဲ႔ အမ်ဳိးသမီးအဖဲြ႕သစ္ တစ္ဖဲြ႕ကုိ ပဲြထုတ္ဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

အဲဒီအစီအစဥ္နဲ႔ပတ္သက္ၿပီး HYBE Labels ရဲ႕ Official Executive တစ္ဦးက “ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီႏွစ္ စတုတၳႏွစ္၀က္မွာ အမ်ဳိးသမီးအဖဲြ႕သစ္တစ္ဖဲြ႕ကုိ ပဲြထုတ္ဖုိ႔ ျပင္ဆင္ေနပါတယ္။ ဘယ္ေန႔ ပဲြထုတ္မယ္။ အဖဲြ႕၀င္ ဘယ္ႏွစ္ေယာက္ ပါ၀င္မယ္၊ ဘယ္ဂီတအမ်ဳိးအစားကုိ အသုံးျပဳမယ္ဆုိတာကုိေတာ့ ကၽြန္ေတာ္တုိ႔ စိစစ္ေနဆဲပါ။

ကၽြန္ေတာ္တုိ႔အေနနဲ႔ ပဲြထုတ္မယ့္ အမ်ဳိးသမီးအဖဲြ႕အေပၚ မ်ားစြာ ရည္မွန္းခ်က္ထားပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ပဲြထုတ္မယ့္ အမ်ဳိးသမီးအဖဲြ႕သစ္ဟာ Visual ေရာ Skill ပုိင္းမွာပါ BLACKPINK အဖဲြ႕နဲ႔ ေကာင္းေကာင္း ယွဥ္ႏိုင္လုိ႔ပါပဲ”လုိ႔ ဆုိပါတယ္။

အဲဒီသတင္း ထြက္ေပၚလာၿပီးေနာက္ အဖဲြ႕သစ္ကုိ BLACKPINK အဖဲြ႕နဲ႔ ႏႈိင္းယွဥ္ခဲ့တာေၾကာင့္ K-Pop ပရိသတ္ေတြ၊ အထူးသျဖင့္ BLACKPINK ပရိသတ္ေတြက HYBE Labels ရဲ႕ Official Executive ကုိ ေ၀ဖန္ခဲ့ၾကပါတယ္။

လက္ရွိမွာေတာ့ HYBE Labels အေနနဲ႔ Korea Intellectual Property Office ရဲ႕ KIPRIS မွာ ‘RED MARBLE’ နဲ႔ ‘CHAKHO’ တုိ႔ကုိ မူပုိင္ခြင့္တင္ထားၿပီး ပဲြထြက္လာမယ့္ အမ်ဳိးသမီးအဖဲြ႕သစ္ရဲ႕ အမည္ေတြထဲ တစ္ခုျဖစ္ႏုိင္တယ္လုိ႔ ကုိရီးယားမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Ref: KSL

 

You cannot copy content of this page