— – – DUMB DUMB Music Video ထဲက Somi ကြွေခဲ့တဲ့ အချောလေးကို ဟဲလိုလို့ ပြောလိုက်ပါ …
သြဂုတ်လအတွင်း ထုတ်လွှင့်ခဲ့တဲ့ Somi ရဲ့ “DUMB DUMB” Music Video မှာ Somi ရဲ့ Visual, ပါရမီနဲ့ သီချင်းက ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့သလို၊ အဲဒီ MV မှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်အမျိုးသားကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
“DUMB DUMB” Music Video ထွက်လာပြီးနောက်မှာ ပရိသတ်တွေဟာ စတိုင်လ်ကျလွန်းတဲ့ အမျိုးသားကို စိတ်ဝင်စားခဲ့သလို၊ Somi နဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်နိုင်မှုကိုလည်း သဘောကျခဲ့ကြပါတယ်။
“DUMB DUMB” Music Video က အမျိုးသားကတော့ Choi Yeon Kyu လို့ အမည်ရပါတယ်။ သူက မော်ဒယ်တစ်ယောက်ဖြစ်ပြီး YG Entertainment ရဲ့ အခွဲတစ်ခုဖြစ်တဲ့ YG KPLUS ရဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။
Choi Yeon Kyu ဟာ ၁၉၉၂ မှာ မွေးဖွားသူဖြစ်ပြီး အရပ်အမောင်းက မော်ဒယ်ဖြစ်တဲ့အတိုင်း (၆)ပေ၊ (၁) လက်မ ရှိကာ Dolce & Gabbana Show မှာ ပါဝင်ခဲ့သလို၊ Esquire Korea, The Handsome, Vivi Japan တို့အပါအဝင် မဂ္ဂဇင်းပေါင်းများစွာမှာ မျက်နှာဖုံးအဖြစ် ပါဝင်ဖူးသူပါ။
သြဂုတ်လ (၂)ရက်မှာ Somi ရဲ့ DUMB DUMB MV ထွက်လာပြီးနောက် Choi Yeon Kyu ရဲ့ Instagram အကောင့်မှာ Follower တွေ အဆမတန်များပြားလာခဲ့ပြီး အဲဒီအတွက် ကျေးဇူးတင်တယ်လို့လည်း Choi Yeon Kyu က ဖွင့်ဟခဲ့ပါတယ်။
Choi Yeon Kyu က “ကျွန်တော့်ရဲ့ IG ကို ကြည့်လိုက်တော့ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ကျွန်တော့်ကို Follow လုပ်တဲ့ သူတွေအားလုံး ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
Choi Yeon Kyu ဟာ မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အားကစားကိုလည်း လိုက်စားသူဖြစ်ပြီး jiu-jitsu အပြာရောင်ခါးပတ် ရထားသူလည်း ဖြစ်တယ်လို့ သိရပါတယ်။
Ref: Koreaboo
-Zawgyi
■ Somi ရဲ့ DUMB DUMB ထဲက အချောလေး ဘယ်သူလဲ …
သြဂုတ်လ (၂)ရက်မှာ Somi ရဲ့ DUMB DUMB MV ထွက်လာပြီးနောက် Choi Yeon Kyu ရဲ့ Instagram အကောင့်မှာ Follower တွေ အဆမတန်များပြားလာခဲ့ပြီး အဲဒီအတွက် ကျေးဇူးတင်တယ်လို့လည်း Choi Yeon Gyu က ဖွင့်ဟခဲ့ပါတယ်။
Ref: Koreaboo