K pop

■ Jin အပေါ် ချစ်ခြင်းတွေဝန်ခံလိုက်တဲ့ Goddess National Volleyball Player

— တောင်ကိုရီးယားအားကစားနယ်ပယ်မှာတော့ Goddess National Volleyball Player လို့ နာမည် ပြောရထားတဲ့ Lee Da Yeong ဆိုသူဟာ ARMY တစ်ဦးဖြစ်ပြီး သူမရဲ့ Bias ကတော့ Jin ဖြစ်ပါတယ်။

တောင်ကိုရီးယားလက်ရွေးစင်ဘောလီဘောမယ် Lee Da Yeong ဟာ အားကစားနယ်ပယ်မှာ ရုပ် ရည်လည်းအလွန်လှတဲ့အပြင် ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမောင်းအလန်းစားဖြစ်တာကြောင့် Goddess National Volleyball Player လို့ မီဒီယာတွေနဲ့ ပရိသတ်တွေက တင်စားကြတာဖြစ်ပါ တယ်။

မကြာသေးခင်က ဘောလီဘောအားကစားပွဲအတွင်း လျှပ်တစ်ပြတ်ကို သူမကို အင်တာဗျူးမေးခဲ့တဲ့ ဗီဒီယိုကလစ်တစ်ခုမှာ Twitter ပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးသူက သူမကို “ ဒီနေ့ မင်းက စားနေ့တဲ့ ပွဲကို BTS Jin ကို ကြည့်နေတယ်လို့ စဉ်းစားကြည့်လိုက်ပါ” လို့ ပြောတဲ့အခါ Lee Da Yeong က ချစ်စရာမျက်နှာအမူအရာနဲ့ “ တကယ်လား …သူ တကယ် ကြည့်မယ်လို့ မျှော်လင့်ပါ တယ်” လို့ ဖြေခဲ့ပါတယ်။

ထပ်ပြီးတော့ အင်တာဗျူးသူက “ Jin ကို ဘာပြောချင်လဲ” လို့မေးတဲ့အခါ “ I Love You ” ရယ်မော ပြီး Lee Da Yeong က ဖြေခဲ့သလို သဘောကျပြီး ကလေးတစ်ယောက်လို ပျော်မြူးနေခဲ့တာဖြစ်ပါ တယ်။

Lee Da Yeong ရဲ့ အဆိုပါ ချစ်စရာကောင်းတဲ့ ဗီဒီယိုကလစ်လေးကို ARMY တွေက Twitter ပေါ်မှာ တွေ့ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့အသွင်အပြင်နဲ့ Jin အပေါ်အားပေးမှုကို သဘောကျလို့မဆုံးဖြစ်နေ ကြပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page