Celebrity

■ Suzy, Sulli အပါအဝင် Cele (၄)ဦးနဲ့ တူနေလို့ ပရိသတ်တွေအကြား ရေပန်းစားနေတဲ့ မင်းသမီးလေး

— – – Visual နဲ့ပတ်သက်လို့ နာမည်ကြီးတဲ့ ကြယ်ပွင့် (၄)ဦးနဲ့ တူနေလို့ ရေပန်းစားနေတဲ့ တက်သက်စ မင်းသမီးလေးကတော့ …

တောင်ကိုရီးယားရဲ့ အဟော့ဆုံးကြယ်ပွင့် အမျိုးသမီး (၄)ဦးနဲ့ တူတယ်ဆိုပြီး တက်သစ်စမင်းသမီးလေး တစ်ယောက် K Netizen တွေအကြားမှာ ရေပန်းစားနေပါတယ်။

သူမရဲ့ အမည်ကတော့ Lee Eun Jae ဖြစ်ပါတယ်။ ၁၉၉၇ မှာ မွေးဖွားပြီး သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တာ ၂၀၁၉ ခုနှစ်ဆိုတော့ သိပ်တောင် မကြာသေးပါဘူး။

ထိပ်တန်း အလှကုန်ဖြစ်တဲ့ Innisfree ကို ကြော်ငြာရင်း သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တဲ့ Lee Eun Jae ဆိုတဲ့ ကောင်မလေးဟာ Best Mistake ဆိုတဲ့ web-drama ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တာပါ။

Lee Eun Jae ဟာ ပွဲထွက်ပြီးနောက်ပိုင်းမှာ When I Was The Most Beautiful, 18 Again နဲ့ Shark: The Beginning တို့မှာလည်း အခန်းအနည်းငယ် ပါဝင်ခဲ့ဖူးပြီး အခုတော့ ပရိသတ်တွေက သူမဟာ နာမည်ကျော် အမျိုးသမီး ကြယ်ပွင့်လေးဦးနဲ့ တူတယ်လို့ ချီးကျူးနေကြပါတယ်။

Lee Eun Jae ကို လက်ရှိ ကိုရီးယားရဲ့ ထိပ်တန်းမင်းသမီး Suzy နဲ့ တူတယ်လို့ ဆိုကြသလို၊

ဆုံးပါးသွားရှာပြီးဖြစ်တဲ့ အဆိုတော်နဲ့ မင်းသမီး Sulli နဲ့ တူတယ်လို့လည်း ဆိုကြပါတယ်။

ဒါ့ပြင် Lee Eun Jae ဟာ မင်းသမီး Pyo Ye Jin နဲ့ ဆင်တူတယ်လို့လည်း ပြောကြပြီး

တစ်ခါတလေဆိုရင် OH MY GIRL အဖွဲ့ရဲ့ Center ဖြစ်တဲ့ Arin နဲ့ တူတယ်လို့လည်း ပြောကြပါတယ်။

ဒါကြောင့် Lee Eun Jae အနေနဲ့ အဲဒီထိပ်တန်းကြယ်ပွင့်တွေရဲ့ အလှနဲ့ နှိုင်းယှဉ်ခံရတာကြောင့် သူမဟာ အနာဂတ်မှာ ကိုရီးယားအနုပညာလောကရဲ့ ကြယ်ပွင့်ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

Source: theqoo and Insight

 

-Zawgyi













You cannot copy content of this page