— – – K Netizen တွေက သူတို့ဟာ Big 3 K-Pop အေဂျင်စီတွေကို ကိုယ်စားပြုတဲ့ …
K-Pop industry မှာ အမျိုးသမီး Idol တွေရဲ့ အလှအပတွေက ကမ္ဘာအနှံ့က ပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ K-Pop မှာ Big 3 ဆိုရင်တော့ JYP Entertainment, SM Entertainment နဲ့ YG Entertainment တို့ကို ညွှန်းဆိုတာဖြစ်ပြီး သူတို့ကို ကိုယ်စားပြုတဲ့ အမျိုးသမီး Visual တွေကတော့ …
YoonA (Girls’ Generation) – SM Entertainment
K-Pop ရဲ့ Original Visual ဖြစ်သလို၊ Center ဆိုတဲ့ နေရာကို စတင်ခဲ့သူပါ။ အသက် (၃၀) ကျော်လာပြီဖြစ်ပေမဲ့ YoonA ဟာ လှတုန်းပတုန်း၊ အမျိုးသားထုရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တုန်းပါပဲ။
Irene (Red Velvet) – SM Entertainment
ခပ်အေးအေးနဲ့ ရူးခါနေအောင်လှတဲ့ အိန္ဒြေရှင်ကို ပြပါဆိုရင်တော့ Irene ကို လက်ညှိုးထိုးပါရလိမ့်မယ်။ ခပ်အေးအေးဆိုလို့ ဆွဲဆောင်မှုမရှိဘူးထင်ရင် မှားသွားပါလိမ့်မယ်။ သူမက Sexy လည်း ကျသူပါ။
Karina (aespa) – SM Entertainment
SM ရဲ့နောက်ဆုံးထုတ် အမျိုးသမီးအဖွဲ့ aespa ရဲ့ Karina ကလည်း သူမရဲ့ အလှအပနဲ့ပတ်သက်ပြီး ချီးကျူးခံရသူပါ။ နွေးထွေးစွာဆက်ဆံတတ်တာက Karina ရဲ့ Charm ပါတဲ့။
Suzy (Miss A) – JYP Entertainment
သရုပ်ဆောင်သလို၊ ပြစ်မျိုးမှဲ့ထင်လှရက်သူကတော့ Miss A အဖွဲ့ဝင်ဟောင်း Suzy ပါပဲ။ အနုပညာသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်လာပြီဖြစ်ပေမဲ့ Suzy ဟာ နုတုန်းလှတုန်း ဆွဲဆောင်မှု ရှိနေတုန်းပါ။
Tzuyu (TWICE) – JYP Entertainment
ထိုင်ဝမ်သူလေးရဲ့ အလှကတော့ လူတိုင်းကို ချစ်မဝဖြစ်စေလောက်ပါတယ်။ Tzuyu ရဲ့ နွေးထွေးတဲ့ အပြုံးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံတွေအောက်မှာ ကျဆုံးသူတွေ ရေတွက်လို့တောင် ရပါမလား။
Yuna (ITZY) – JYP Entertainment
ITZY ရဲ့ အငယ်ဆုံးနဲ့ အချောဆုံး Yuna ရဲ့အလှကလည်း ပရိသတ်တွေ ချီးကျူးလို့ မဆုံးပါဘူး။ မျက်နှာသေးသေးသွယ်သွယ်လေးနဲ့ အပြုံးက Yuna ရဲ့ အသက်ပါတဲ့။
Sandara Park (2ne1) – YG Entertainment
Dara က ဒီလောကမှာ ဖြတ်သန်းလာတဲ့ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်သလို၊ ဒီ List ထဲမှာ အသက်အကြီးဆုံးပါ။ ဒါပေမဲ့ သူမဟာ မအိုဆေးစားထားသလားဆိုရလောက်အောင် နုတုန်း လှတုန်း၊ ချစ်စရာကောင်းတုန်း မဟုတ်ပါလား။
Jisoo (BLACKPINK) – YG Entertainment
BLACKPINK အဖွဲ့ဝင် အဖွဲ့ဝင်တိုင်းက မျက်စီမလွဲနိုင်လောက်အောင် လှကြပြီး Visual ပိုင်းမှာဆိုရင်တော့ Jisoo ကိုပဲ ရွေးကြတာ များပါတယ်။ သူမရဲ့ Visual နဲ့ ပတ်သက်ပြီးလည်း ငြင်းစရာမရှိပါဘူး။ အဲဒီအလှမှာ ဂရုစိုက်မှုနဲ့ နွေးထွေးမှု ပေါင်းစပ်လိုက်တဲ့အခါ Jisoo ကို မချစ်ဘဲ မနေနိုင်အောင်ဘဲလို့ ဆိုကြပါတယ်။
Ref: Koreaboo
-Zawgyi
■ Big 3 K-Pop အေဂျင်စီတွေကို ကိုယ်စားပြုတဲ့ အမျိုးသမီး Visual များ
Ref: Koreaboo