— – – RM အနေနဲ့ Jin လိုမျိုးဖြစ်လာအောင် ကြိုးစားနေ …
BTS အဖွဲ့ခေါင်းဆောင် RM ဟာ ဒီလအတွင်းမှာ Gym ကို ပုံမှန်သွားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် လေ့ကျင့်မှုတွေကို အပြင်းအထန်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
RM ဟာ သိပ်မကြာခင်က Weverse မှာ Gym မှာ လေ့ကျင့်နေတဲ့ သူ့ရဲ့ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး “ကျွန်တော် ဒီမှာ လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်”ဆိုပြီး ရေးသားခဲ့တာပါ။
အဲဒီမှာ ပရိသတ်ကောင်မလေးတစ်ယောက်က “Namjoon-oppa ဒီနေ့ လေ့ကျင့်ခန်း လုပ်ရတာ ပျော်ခဲ့လား”ဆိုပြီး RM ကို မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းကို RM က လေ့ကျင့်ခန်းလုပ်ရတာ ပျော်ကြောင်း ပြန်ဖြေခဲ့ပြီး သူ အဓိက လေ့ကျင့်နေတဲ့အရာကိုလည်း ဖွင့်ဟခဲ့တာပါ။
RM က “ဒီနေ့ ကျွန်တော့်ရဲ့ ပခုံးနဲ့ပတ်သက်ပြီး လေ့ကျင့်နေတာပါ။ ဒါက ပျော်စရာ ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ Jin လိုမျိုး ပခုံးကျယ်ကြီးကို ပိုင်ဆိုင်ချင်ပါတယ်”လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
Jin ဟာ သူ့ရဲ့ ပခုံးကျယ်ကြီးကြောင့် ထင်ရှားသူဖြစ်ပြီး ပရိသတ်ကောင်မလေးတွေက Jin ဆီမှာသာ အဖက်ခံရမယ်ဆိုရင် စီးစီးပိုင်ပိုင်နဲ့ အလွန်နွေးထွေးမယ်လို့တောင် မှတ်ချက်ပြုမှုတွေ ရှိခဲ့တာပါ။
Ref: Koreaboo
-Zawgyi
■ RM အရမ်းအားကျပြီး လိုချင်နေတဲ့ Jin ရဲ့ ပိုင်ဆိုင်မှုတစ်ခု
Ref: Koreaboo