K pop

■ ကိုရီးယားလွတ်လပ်ရေးနေ့အထိမ်အမှတ်ကို G-Dragon ဆင်နွဲှ

— – – ဘာလုပ်လုပ် သူများနဲ့မတူဘဲ တမူထူးခြားတဲ့ G-Dragon ကတော့ ဒီတစ်ခါမှာလည်း …

BIGBANG ရဲ့ အဖွဲ့ခေါင်းဆောင် G-Dragon ဟာ သြဂုတ်လ (၁၅)ရက်က သူ့ရဲ့ Instagram မှာ တောင်ကိုရီးယားရဲ့ နိုင်ငံတော်အလံက အလည်က အနီနဲ့ အပြာရောင်အဝိုင်းပုံလေးမှာ မြေပုံအောက်ခံပါတဲ့ ဓာတ်ပုံတစ်ပုံကို ဝေမျှခဲ့တာပါ။

တောင်ကိုရီးယားရဲ့ အလံမှာပါတဲ့ မြေပုံကတော့ ဆိုးလ်မြို့မြေပုံဖြစ်ပြီး အလယ်မှာ ဖြတ်ထားတာကတော့ ကိုရီးယားရဲ့နာမည်ကျော် ဟန်မြစ်မြေပုံဖြစ်ပါတယ်။

အဲဒီဓာတ်ပုံနဲ့အတူ King of K-Pop အဖြစ် သတ်မှတ်ခံထားရတဲ့ G-Dragon က “Map of Seoul with Taegeuggi, the Korean flag. 76th liberation day of Korea” ဆိုတဲ့ စာသားကိုပါ ရေးသားခဲ့ပါတယ်။

နိုင်ငံတော် လွတ်လပ်ရေးနေ့ကို တောင်ကိုရီးယားရော၊ မြောက်ကိုရီးယားပါ ဆင်နွဲှလေ့ရှိတယ်လို့ သိရပါတယ်။ ကိုရီးယားနိုင်ငံဟာ ဂျပန်တွေရဲ့ ကိုလိုနီအဖြစ် (၃၅)နှစ်ကြာ အုပ်စိုးမှုကို ခံခဲ့ရပြီး ၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်မှာ လွတ်လပ်ရေး ပြန်ရခဲ့တာ ဖြစ်ပါတယ်။

Ref: AKP

 

-Zawgyi

■ ကုိရီးယားလြတ္လပ္ေရးေန႔အထိမ္အမွတ္ကုိ G-Dragon ဆင္ႏဲႊ

— – – ဘာလုပ္လုပ္ သူမ်ားနဲ႔မတူဘဲ တမူထူးျခားတဲ့ G-Dragon ကေတာ့ ဒီတစ္ခါမွာလည္း …

BIGBANG ရဲ႕ အဖဲြ႕ေခါင္းေဆာင္ G-Dragon ဟာ ၾသဂုတ္လ (၁၅)ရက္က သူ႕ရဲ႕ Instagram မွာ ေတာင္ကုိရီးယားရဲ႕ ႏုိင္ငံေတာ္အလံက အလည္က အနီနဲ႔ အျပာေရာင္အ၀ုိင္းပုံေလးမွာ ေျမပုံေအာက္ခံပါတဲ့ ဓာတ္ပုံတစ္ပုံကုိ ေ၀မွ်ခဲ့တာပါ။

ေတာင္ကုိရီးယားရဲ႕ အလံမွာပါတဲ့ ေျမပုံကေတာ့ ဆုိးလ္ၿမိဳ႕ေျမပုံျဖစ္ၿပီး အလယ္မွာ ျဖတ္ထားတာကေတာ့ ကုိရီးယားရဲ႕နာမည္ေက်ာ္ ဟန္ျမစ္ေျမပုံျဖစ္ပါတယ္။

အဲဒီဓာတ္ပုံနဲ႔အတူ King of K-Pop အျဖစ္ သတ္မွတ္ခံထားရတဲ့ G-Dragon က “Map of Seoul with Taegeuggi, the Korean flag. 76th liberation day of Korea” ဆုိတဲ့ စာသားကုိပါ ေရးသားခဲ့ပါတယ္။

ႏုိင္ငံေတာ္ လြတ္လပ္ေရးေန႔ကို ေတာင္ကုိရီးယားေရာ၊ ေျမာက္ကုိရီးယားပါ ဆင္ႏဲႊေလ့ရွိတယ္လုိ႔ သိရပါတယ္။ ကုိရီးယားႏုိင္ငံဟာ ဂ်ပန္ေတြရဲ႕ ကုိလုိနီအျဖစ္ (၃၅)ႏွစ္ၾကာ အုပ္စုိးမႈကုိ ခံခဲ့ရၿပီး ၁၉၄၅ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္မွာ လြတ္လပ္ေရး ျပန္ရခဲ့တာ ျဖစ္ပါတယ္။

Ref: AKP

You cannot copy content of this page