K pop

■ Jennie ရဲ့ အိပ်ယာပေါ်က အလန်းစားကြော်ငြာ

— – – ခေါင်းစဉ်ဖတ်ပြီး ဂေါင်းကြီးတို့ အတွေးမမဲဖို့တော့ မျှော်လင့်ပါတယ် …

ကမ္ဘာကျော် BLACKPINK အဖွဲ့ဟာ ကြော်ငြာတွေများစွာ ရိုက်ကူးနေရသလို သူတို့ရဲ့ အဖွဲ့ဝင်တွေကလည်း ကမ္ဘာကျော် Brand တွေ၊ ဒေသခံ Brand များစွာရဲ့ မျက်နှာဖုံးတွေ၊ မော်ဒယ်တွေအဖြစ် ရွေးချယ်ခံထားရတာပါ။

BLACKPINK အဖွဲ့ဝင် Jennie ဟာ ကိုရီးယား Brand တွေဖြစ်တဲ့ Chum-Churum Soju, Vita 500, HERA, CHANEL, GENTLE MONSTER တို့ရဲ့ Muse အဖြစ် ရွေးချယ်ခံထားရပြီး အခုလည်း Ace Bed ရဲ့ မော်ဒယ်အဖြစ် ကြော်ငြာရိုက်ခဲ့တာ ဖြစ်ပါတယ်။

Ace Bed က သိပ်မကြာခင်ကပဲ BLACKPINK အဖွဲ့ဝင် Jennie ကြော်ငြာထားတဲ့ သူတို့ရဲ့ ကုန်ပစ္စည်းကြော်ငြာတစ်ခုကို လူမှုကွန်ရက်တွေနဲ့ You Tube တို့မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

Ace Bed ဆိုတဲ့အတိုင်း အိပ်ယာကြော်ငြာဖြစ်တာကြောင့် အိပ်ယာမှာ ဇိမ်ရှိရှိ လဲလှောင်းရင်း Puppy လေးနဲ့ ကစားနေတဲ့ Jennie ကို မြင်တွေ့ရမှာ ဖြစ်သလို၊ ဝမ်းလျှားမှောက်ရင်း စာလေ့လာနေတဲ့ စာဂျပိုးလေး Jennie ကိုလည်း မြင်တွေ့ရမှာပါ။

Jennie ရဲ့ အိပ်ယာပေါ်က ကြော်ငြာဟာ သူမရဲ့ Visual ကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံနေရပြီး ကြော်ငြာအပြည့်အစုံကိုတော့ အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Ref: Koreaboo

 

-Zawgyi

■ Jennie ရဲ႕ အိပ္ယာေပၚက အလန္းစားေၾကာ္ျငာ

— – – ေခါင္းစဥ္ဖတ္ၿပီး ေဂါင္းႀကီးတုိ႔ အေတြးမမဲဖုိ႔ေတာ့ ေမွ်ာ္လင့္ပါတယ္ …

ကမၻာေက်ာ္ BLACKPINK အဖဲြ႕ဟာ ေၾကာ္ျငာေတြမ်ားစြာ ႐ုိက္ကူးေနရသလုိ သူတုိ႔ရဲ႕ အဖဲြ႕၀င္ေတြကလည္း ကမၻာေက်ာ္ Brand ေတြ၊ ေဒသခံ Brand မ်ားစြာရဲ႕ မ်က္ႏွာဖုံးေတြ၊ ေမာ္ဒယ္ေတြအျဖစ္ ေရြးခ်ယ္ခံထားရတာပါ။

BLACKPINK အဖဲြ႕၀င္ Jennie ဟာ ကုိရီးယား Brand ေတြျဖစ္တဲ့ Chum-Churum Soju, Vita 500, HERA, CHANEL, GENTLE MONSTER တုိ႔ရဲ႕ Muse အျဖစ္ ေရြးခ်ယ္ခံထားရၿပီး အခုလည္း Ace Bed ရဲ႕ ေမာ္ဒယ္အျဖစ္ ေၾကာ္ျငာ႐ုိက္ခဲ့တာ ျဖစ္ပါတယ္။

Ace Bed က သိပ္မၾကာခင္ကပဲ BLACKPINK အဖဲြ႕၀င္ Jennie ေၾကာ္ျငာထားတဲ့ သူတုိ႔ရဲ႕ ကုန္ပစၥည္းေၾကာ္ျငာတစ္ခုကုိ လူမႈကြန္ရက္ေတြနဲ႔ You Tube တုိ႔မွာ လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္။

Ace Bed ဆုိတဲ့အတုိင္း အိပ္ယာေၾကာ္ျငာျဖစ္တာေၾကာင့္ အိပ္ယာမွာ ဇိမ္ရွိရွိ လဲေလွာင္းရင္း Puppy ေလးနဲ႔ ကစားေနတဲ့ Jennie ကုိ ျမင္ေတြ႕ရမွာ ျဖစ္သလုိ၊ ၀မ္းလွ်ားေမွာက္ရင္း စာေလ့လာေနတဲ့ စာဂ်ပုိးေလး Jennie ကုိလည္း ျမင္ေတြ႕ရမွာပါ။

Jennie ရဲ႕ အိပ္ယာေပၚက ေၾကာ္ျငာဟာ သူမရဲ႕ Visual ေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကုိ ခံေနရၿပီး ေၾကာ္ျငာအျပည့္အစုံကုိေတာ့ ေအာက္က ဗီဒီယုိမွာ ခံစားႏုိင္ပါတယ္။

Ref: Koreaboo

You cannot copy content of this page