K pop

■ K-Pop Idol တွေကို ငွေပေးချေရာမှာ အကောင်းဆုံးလို့ နာမည်ကြီး YG ဝင်ငွေကို ဘယ်လိုခွဲဝေပေးလဲ

— – – YG Entertainment က ပွဲထုတ်တဲ့ အနုပညာရှင်တွေအနေနဲ့ ဝင်ငွေ ဘယ်လိုရလဲ ကြည့်မယ်ဆိုရင် …

လက်ရှိ ကမ္ဘာမှာ ကျော်ကြားနေတဲ့ K-Pop၊ K-Pop အနုပညာရှင်တွေ၊ အဖွဲ့တွေ အခုလို ရပ်တည်နိုင်တာဟာ K-Pop အေဂျင်စီတွေကြောင့် ဖြစ်ပါတယ်။ K-Pop အေဂျင်စီတွေဟာ စည်းကမ်းတင်းကျပ်မှုအပြင် တချို့ညစ်ပတ်မှုတွေကြောင့် နာမည်ဆိုးတွေ ရှိနေတာပါ။

YG Entertainment ကတော့ သူတို့အနုပညာရှင်တွေအပေါ် အလေးထားဆက်ဆံသလို၊ ငွေပေးချေရာမှာ အကောင်းဆုံးလို့ ကိုရီးယားအေဂျင်စီတွေထဲမှာ နာမည်ကြီးပါတယ်။

K-Pop အဖွဲ့တွေ၊ အနုပညာရှင်တွေကို YG Entertainment ရဲ့ စာချုပ်ချုပ်ဆိုမှုနဲ့ ဝင်ငွေရရှိမှု ခွဲဝေပေးတဲ့ အပိုင်းကိုကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်း တွေ့ရမှာပါ။

စာချုပ်သက်တမ်း – ၇ နှစ်
Physical Sales – Agency (50%)၊ Artist (50%)
Repackage Sales – Agency (30%)၊ Artist (70%)
ပွဲတက်ရောက်မှု – Agency (40%)၊ Artist (60%)
နိုင်ငံခြား ပရိုမိုးရှင်း – Agency (50%)၊ Artist (50%)

ဒါက အသစ်ပွဲထုတ်တဲ့ အဖွဲ့သစ်တွေကို စာချုပ်ချုပ်ဆိုတဲ့ ပမာဏဖြစ်ပြီး သူတို့ရဲ့ ကျော်ကြားမှု မြင့်တက်လာတာနဲ့အမျှ ဖြေလျှော့မှုတွေ၊ နှုန်းထားပြောင်းလဲမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

Ref: RY

 

-Zawgyi






စာချုပ်သက်တမ်း – ၇ နှစ်


Ref: RY

You cannot copy content of this page