—- ပရိသတ်တွေက သူနဲ့ဆိုရင် လိပ်ပြာကြည့်မလို့ သွားချင်ပါတယ်တဲ့… ဒီ Visual နာမည်ကျော် မင်းသားက BTS အဖွဲ့ဝင် Jin နဲ့ ယှဉ်ရင် သူဟာ တော်တော်ရုပ်ဆိုးပါတယ်တဲ့…
မင်းသားချော Song Kang က Jin နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ဖူးတဲ့ အဖြစ် အပျက်ကို ပြောပြခဲ့ပြီး Jin ရဲ့ Visual နဲ့ပတ်သက်ပြီး သူ Jaw-dropping ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ Song Kang နဲ့ Jin တို့ ဟာ တူညီတဲ့ တက္ကသိုလ်မှာ တက်ခဲ့ကြတာဖြစ်ပြီး Jin ကို Song Kang က တစ်ခါမြင်ခဲ့ဖူးတာဖြစ်ပါ တယ်။
“ တစ်နေ့ ကျောင်းမှာ ကျွန်တော် အနားကို အရမ်းကို ချောလွန်းတဲ့ လူတစ်ဦး ရောက်လာတာ ကျွန် တော်တွေ့ခဲ့ပါတယ်။ သူ ဘယ်သူလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အရမ်း ရုပ်ဖြောင့်လွန်းလို့ သူ ဘယ်သူလဲလို့ အခန်းဖော်တွေကို မေးတော့ Jin လို့ ပြန်ဖြေခဲ့ကြပါတယ်။ အဲဒီတုန်းက Cele ရုပ် ရည်လိုရှိတဲ့ Jin ကိုတွေ့ပြီး သူ့လိုမျိုး အနုပညာလောကမှာ ကျွန်တော် Debut လုပ်နိုင်တဲ့ ရုပ်ရည် ရှိလားလို့လားတောင် ဝေးဝါးခဲ့ပါတယ်။
နောက်တစ်ကြိမ် ကျွန်တော် Training ဆင်းနေတဲ့အချိန် Jin ကို ထပ်တွေ့တဲ့အခါ လုံးဝကို Jaw-dropping ဖြစ်ခဲ့ပြန်ပါတယ်။ သေချာတွေ့တဲ့အချိန်မှာ Jin ရဲ့ Visual ဟာ ပိုပြီး တောက်ပနေတာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ Jin နဲ့ အတူယှဉ်ရပ်မိရင် ကျွန်တော်ကို ရုပ်ဆိုးသွားစေမှာဖြစ်ပါတယ်” လို့ Song Kang က ပြောဆိုခဲ့ဖူးပါတယ်။
-m2t
Ref: Allkpop