– – -HyunA နဲ့ DWAN တို့ ချစ်သူနှစ်ယောက်ရဲ့ စုံတွဲသီချင်းနဲ့ ပတ်သက်ပြီး…
K-pop နယ်ပယ်အတွင်း အများအားကျရတဲ့စုံတွဲအဖြစ် အသိအမှတ်ပြုခံထားရတဲ့ HynA နဲ့ DWAN တို့ဟာ ပထမဆုံး စုတွဲသီချင်းကို ထုတ်ဝေတော့မှာပါ။
Osen ရဲ့ HyunA နဲ့DWAN တို့ဟာ စက်တင်ဘာ (၉) ရက်နေ့မှာ ပထမဆုံး စုံတွဲသီချင်းကို ထုတ်ဝေသွားမှာဖြစ်ကြောင်း သိရပါတယ်။ Hyun A နဲ့ DWAN တို့ဟာ အရင်ကလည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၅) ရက်နေ့မှာ တစ်နေ့တည်း Comeback အတူတူ ပြုလုပ်ခဲ့ကြဖူးတာပါ။
တလောတုန်းက P-NATIONက သူတို့ရဲ့ စုံတွဲသီချင်းသစ်နဲ့ ပတ်သက်ပြီး သဲလွန်စပေးခဲ့ကာ အဲဒီကတည်းက ပရိသတ်တွေက အနည်းငယ်ရိပ်မိခဲ့ာကြတာ ဖြစ်ပါတယ်။
ဒါကြောင့် K-pop နယ်ပယ်အတွင်းအများအားကျရတဲ့ ချစ်သူနှစ်ဦးရဲ့ ပထမဆုံးစုံတွဲသီချင်းကို ပရိသတ်တွေက မျှော်လင့်ချက်ကြီးမားနေကြပြီး သူတို့နှစ်ယောက်အနေနဲ့ ဘယ်လိုမျိုး လိုက်ဖက်ညီညီ ပွဲထွက်နိုင်မလဲဆိုတာလည်း စိတ်ဝင်စားမှုမြင့်တက်နေကြပါတယ်။
-Ref: Koreaboo