K pop

■ BIGBANG ရဲ့ အကြီးစား Fanboy တွေ ဖြစ်ကြောင်း BTS သက်သေပြခဲ့စဉ်က

— – – BIGBANG အပေါ် BTS အဖွဲ့ရဲ့ ရူးသွပ်မှုက လုံးဝအမာခံဆိုတဲ့ VIP ထက် မပိုတောင် မလျော့ဘူးဆိုတာ ဒါကို ကြည့်ရင် သိနိုင်ပါတယ်။

လက်ရှိ K-pop ရဲ့ အကျော်ကြားဆုံး BTS အဖွဲ့ဟာ BIGBANG ရဲ့ အကြီးစားပရိသတ်ဖြစ်တယ်ဆိုတာကို K-pop ကိုချစ်တဲ့သူတွေရော သူတို့ကို အားပေးတဲ့သူတွေအားလုံး သိပါတယ်။

အရင်တုန်းက ဆုပေးပွဲတွေ ဘာတွေမှာ BIGBANG အဖွဲ့ဖျော်ဖြေရင် BTS အဖွဲ့ဝင်တွေ အားပေးတာကို ပရိသတ်တွေ မြင်ဖူးကြမှာပါ။ ဒါတွေက BIGBANG အဖွဲ့ရဲ့ အကြီးကျယ်ဆုံး Fanboy ဖြစ်ကြောင်း BTS အဖွဲ့ သက်သေပြခဲ့တာတွေပါပဲ။

■ BIGBANG ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ် ဒွန့်မယ်

BTS အဖွဲ့ဝင်တွေဖြစ်တဲ့ J-Hope, Jimin, V, နဲ့ Jin တို့ BIGBANG ရဲ့ Fantastic Baby၊ Taeyang ရဲ့ Ringa Linga တို့နဲ့ ဒွန့်နေတာ ဖြစ်ပါတယ်။

■ ဘယ်အချိန်ဖြစ်ဖြစ် BIGBANG သီချင်းတွေ ဆိုမယ်

Bangtan Bomb မှာ Taeyang ရဲ့ နာမည်ကျော် Eyes, Nose, Lips သီချင်းကို BTS အဖွဲ့ဝင်တွေ lip-sync လုပ်ခဲ့ကြသလို၊ Taeyang ရဲ့ You’re My သီချင်းကို BTS အဖွဲ့ ပွဲထွက်စတုန်းက Jin, V, Jimin နဲ့ Jungkook တို့ ဆိုခဲ့ကြတာပါ။

ဒါ့အပြင် ကရာအိုကေသီဆိုခဲ့တဲ့အခါမှာလည်း V နဲ့ Jungkook တို့ဟာ BIGBANG ရဲ့ နာမည်ကျော်သီချင်း Bang Bang Bang ကို သီဆိုခဲ့ကြပြီး Jungkook ဟာ King of Masked Singer? မှာ BIGBANG ရဲ့ If you သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

■ BIGBANG Concert ကို ဒိုးမယ်


Taeyang ရဲ့ White Night concert ကို Taeyang, Jimin နဲ့ Jungkook တို့ တက်ရောက်ခဲ့ကြပြီး ဆိုးလ်မှာ ပြုလုပ်တဲ့ BIGBANG ရဲ့ MADE concert ကို Jimin, Jungkook နဲ့ J-Hope တို့ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

BIGBANG ရဲ့ 0.TO.10 concert ကို Park Bo Gum နဲ့ V တို့ လာရောက်ကြည့်ရှုခဲ့တုန်းကပါ။

■ BIGBANG Merch တွေဆို သိပ်ကြိုက်


BIGBANG lightstick လက်ဆောင်ရလို့ Jungkook ဘယ်လောက် ပျော်နေတယ်ဆိုတာကို မြင်တဲ့အတိုင်းပါပဲ။ BIGBANG Merch တွေကို ကြည့်ရင်း ကြည့်နူးနေတဲ့ Jungkook ရဲ့ အပျော်ဟာ မြင်ရသူကိုပါ အပျော်ကူးစက်စေမှာပါ။

Jin ကလည်း BIGBANG lightstick ရလို့ သဘောကျနေတာဖြစ်ပြီး Jungkook ကတော့ သူ့ရဲ့ Idol ဖြစ်တဲ့ G-Dragon မျက်နှာဖုံးပါတဲ့ DAZED magazine ကို ပြသနေတာ ဖြစ်ပါတယ်။

■ BIGBANG က ကျွန်တော်တို့ရဲ့ Role Model ပါ


BTS အဖွဲ့ ပွဲထွက်စတုန်းက သူတို့က Role Model ဟာ BIGBANG ဖြစ်ကြောင်း ဝန်ခံခဲ့တာပါ။ “K-pop Idol အဖွဲ့တွေထဲမှာ BTS ရဲ့ Role Model က ဘယ်သူဖြစ်မလဲ”လို့ Eunjung ရဲ့ RM က “မလွဲဧကန် BIGBANG စီနီယာတွေပါပဲ။ သူတို့ဟာ Hip Hop ကို ပထမဆုံးချပြပြီး အောင်မြင်ခဲ့သူတွေ ဖြစ်ပါတယ်”လို့ ပြန်ဖြေခဲ့တာပါ။

Jungkook ကတော့ G-Dragon ရဲ့ Heartbreaker က သူ့ကို အဆိုတော် ဖြစ်လာစေတာပါလို့ ဆိုပါတယ်။ “G-Dragon ရဲ့ Heartbreaker သီချင်းက ကျွန်တော့်ကို အဆိုတော်ဖြစ်အောင် အားပေးခဲ့တာပါ။ အဲဒီသီချင်းကြောင့် ကျွန်တော် အဆိုတော် ဖြစ်လာတာပါ”လို့ Jungkook က ဆိုပါတယ်။

BTS အဖွဲ့ရဲ့ Live Stream တစ်ခုမှာ Jungkook က “စီနီယာ GD ကို အရမ်းချစ်ပါတယ်”ဆိုပြီး ပြောဆိုခဲ့သေးတာပါ။

— Cj
via Koreaboo

You cannot copy content of this page