K pop

■ BIGBANG အဖွဲ့ ရုပ်ဆိုးလွန်းတယ်လို့ ဝေဖန်ခံရတုန်းက T.O.P ကို Seungri ကပ်တိုးလေး ပြောခဲ့တဲ့ စကား

— – – Seungri ကို VIP တွေက ချစ်ကြတာလည်း မပြောနဲ့လေ။ ချစ်စရာကောင်းပြီး စကားတတ်လွန်းတာကို။ အခုလည်း ခွီရမှာ သေချာပါတယ် ….

BIGBANG အဖွဲ့ကို K-pop မှာ လက်ရှိလမ်းကြောင်းကို ချပေးခဲ့သူတွေအဖြစ် တင်စားကြပါတယ်။ ဒါပေမဲ့ လမ်းသစ်ဖောက်ခဲ့တဲ့ BIGBANG အတွက် လမ်းခရီးက ကြမ်းတမ်းလွန်းပါတယ်။ အဲဒီတုန်း YG ဆိုတာ အေဂျင်စီသေးသေးသာ ဖြစ်ပြီး BIGBANG ကို သူတို့ရဲ့ အားကိုးရာအဖြစ် ပွဲထုတ်ခဲ့တာပါ။

BIGBANG အဖွဲ့ ပွဲထွက်တုန်းက အဲဒီခေတ်ရဲ့ Idol အဖွဲ့ သီဆိုလေ့ရှိတဲ့ သီချင်းပုံစံကို Hip-hop, R&B ပုံစံပြောင်းလဲသီဆိုခဲ့သလို၊ ရုပ်ချောသူတွေပဲ Idol လုပ်လေ့ရှိတဲ့ အဲဒီခေတ်မှာ BIGBANG အဖွဲ့ဟာ ရုပ်ဆိုးလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒါတွေကို BIGBANG အဖွဲ့ဝင်တွေ ခါးစီးခံခဲ့ကြပေမယ့် သဘောမတူသူ တစ်ယောက်တော့ ရှိပါတယ်။ တခြားလူ မဟုတ်ပါဘူး။ အငယ်ဆုံးလေး Seungri ပါပဲ။ အဲဒီလို ဝေဖန်မှုတွေ ခပ်စိတ်စိတ်ကြားရပြီးနောက်မှာ အမောင် Seungri က T.O.P ကို ဖုန်းခေါ်ပြီး ဒီလို ပြောခဲ့ပါသတဲ့။ ဒါက T.O.P ကိုယ်တိုင် ဖောက်သည်ချခဲ့တာပါ။

“အစ်ကို ကျွန်တော့်ဆီကို ခဏလောက် လာခဲ့ပါဆိုပြီး ဖုန်းဆက်ပါတယ်။ ကျွန်တော်လည်း သူ ဘာတွေများ အရေးတကြီး တိုင်ပင်စရာများ ရှိသလဲဆိုပြီး သူ့ဆီကို သွားခဲ့ပါတယ်။ ကျွန်တော့်တို့ကို ရုပ်ဆိုးတယ်လို့ ပြောလို့ နာကျင်ရတာကို ကျွန်တော် မခံစားချင်ဘူးလို့ သူက ကျွန်တော့်ကို ပြောတယ်။ ဒါနဲ့ ကျွန်တော်ကလည်း ဘာလို့လဲဆိုပြီး ပြန်မေးလိုက်တယ်။ တခြားအစ်ကိုတွေကိုတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အစ်ကို (T.O.P)နဲ့ ကျွန်တော် … ကျွန်တော်တို့က အဖွဲ့ထဲ Visual In Charge တွေလေဗျာ။ တကယ်လို့ ရုပ်ဆိုးတယ်လို့ ပြောရင် အစ်ကို Daesung ပဲ ခံစားသင့်တာပေါ့။ ကျွန်တော်တို့က ဘာလို့ ခံစားရမှာလဲလို့ ပြောပါတယ်”ဆိုပြီး T.O.P က ပြောပြခဲ့တာပါ။

ဒါ့အပြင် Night After Night အစီအစဉ်မှာ T.O.P က သူ့အနေနဲ့ သူ့ကိုယ်သူ ချောတယ်လို့ တစ်ခါမှ မထင်ဖူးပေမယ့် သူဟာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ဦးဖြစ်တယ်ဆိုတာကိုတော့ ကောင်းကောင်း သိပါတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

— ဃဲ
Ref: Night After Night

You cannot copy content of this page