— – – မင်းသမီးရဲ့ ဖုန်းထဲမှာ GD ပုံတွေနဲ့ ပြည့်နေတဲ့ မင်းသားက BIGBANG ရဲ့ Performane တိုင်းကို မလွတ်တမ်း ….
သူတို့အတွဲကတော့ တခြားလူတွေ မဟုတ်ပါဘူး။ နာမည်ကျော်မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ Yeon Jung Hoon နဲ့ Han Ga In တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။
Han Ga In ရဲ့ ဖုန်းထဲမှာ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ရဲ့ ပုံတွေရဲ့ ပြည့်နေပြီး မင်းသား Yeon Jung Hoon က BIGBANG အဖွဲ့ကို မလွတ်တမ်းကြည့်ရှုတတ်သူ ဖြစ်ပါတယ်။
ခင်ဗျားရဲ့ ဖုန်းမှာ GD ပုံတွေနဲ့ ပြည့်နေတယ်ဆိုတာ ဟုတ်ပါသလားဆိုတဲ့ မေးခွန်းကို Han Ga In က “အမှန်ပါပဲ။ ကျွန်မရဲ့ ဖုန်းမှာ GD ဓာတ်ပုံတွေနဲ့ ပြည့်နေပါတယ်။ မီဒီယာတွေက ဒါကို သိသွားတော့ ကျွန်မ နည်းနည်းတော့ ရှက်မိပါတယ်။ ဒါပေမဲ့ ကျွန်မက GD ရဲ့ သာမန်ပရိသတ်တစ်ယောက်ပါပဲ။ ကျွန်မ အမျိုးသားကလည်း BIGBANG ရဲ့ အကြီးစား ပရိသတ်ပါ။ သူ့အနေနဲ့ ကျွန်မ GD ကို သဘောကျတာနဲ့ ပတ်သက်လို့ မနာလိုခြင်းမရှိပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။
Yeon Jung Hoon နဲ့ Han Ga In တို့ ဇနီးမောင်နှံဟာ BIGBANG အဖွဲ့ရဲ့ Concert ပွဲတွေကို မလွတ်တမ်း အားပေးသူဖြစ်ပြီး VIP ထိုင်ခုံစီစဉ်ပေးတာတောင် မထိုင်ဘဲ မတ်တပ်ရပ်ပြီး BIGBANG အဖွဲ့ကို အားပေးသူတွေ ဖြစ်ပါတယ်။
Yeon Jung Hoon ဟာ BIGBANG အဖွဲ့ဟာ Idol ဆိုတာထက်ပိုသူတွေဖြစ်ပြီး ပါရမီပြည့်ဝတဲ့ အနုပညာသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Yeon Jung Hoon က “ကျွန်တော်က BIGBANG ရဲ့ အကြီးစားဖန်ပါ။ သူတို့က ပါရမီပြည့်ဝပြီး ဖက်ရှင်ကျတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်သမျှ အရာအားလုံးက အရမ်းချစ်စရာကောင်းပါတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး သူတို့နဲ့ ခင်မင်ကြပါတယ်။ ကျွန်တော်တို့ အားလပ်တဲ့အချိန်တွေရဲ့ သူတို့ရဲ့ ဖျော်ဖြေမှုတွေကို စောင့်ကြည့်လေ့ရှိပါတယ်။ ဒါကြောင့် BIGBANG ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့နှစ်ယောက် ကောင်းကောင်း သိပါတယ်။ ပြီးတော့ ကျွန်တော့်ဇနီးက GD ရဲ့ ပရိသတ်ဖြစ်ပြီး ဒါကို ကျွန်တော့်အနေနဲ့ တွန့်တိုနေစရာ မရှိပါဘူး”လို့ ဆိုပါတယ်။
— ဃဲ
Ref: Razor TV