K pop

■ BIGBANG ရဲ့ အအောင်မြင်ဆုံး VIP ကောင်မလေး IU

— – – နာမည်ကျော် အဆိုတော်၊ မင်းသမီး IU ဟာ BIGBANG ရဲ့ အအောင်မြင်ဆုံး VIP တစ်ယောက်ဆိုရင် ….

IU ဟာ ကိုယ်တိုင်က အဆိုတော်ပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ အရမ်းအောင်မြင်ပေမယ့် BIGBANG ရဲ့ အမာခံ VIP တစ်ဦးဖြစ်ပြီး BIGBANG အဖွဲ့ဝင် Taeyang ကို အရမ်းနှစ်သက်သူ ဖြစ်ပါတယ်။

Taeyang ကို Ideal Type ထားတဲ့အထိ IU ဟာ BIGBANG အဖွဲ့ကို နှစ်သက်သူဖြစ်ပြီး BIGBANG ရဲ့ Concert တွေကို သွားရောက်ကြည့်ရှုလေ့ရှိသူလည်း ဖြစ်ပါတယ်။ IU ဟာ BIGBANG ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ VIP တွေ အားကျလောက်အောင်ကို BIGBANG အဖွဲ့ဝင်တွေရဲ့ ဂရုစိုက်မှုကို ရရှိသူပါ။

BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ IU နဲ့အတူ Collaborate လုပ်ခဲ့သလို၊ သူကိုယ်တိုင် ဖန်တီးထားတဲ့ လက်ဆောင်ကိုပါ ပေးခဲ့သူဖြစ်ပြီး သူတို့နှစ်ဦးဟာ Concert တွေမှာလည်း Guest အဖြစ် ဖျော်ဖြေသူတွေ ဖြစ်ပါတယ်။

IU ဟာ သူမရဲ့ Bias ဖြစ်တဲ့ Taeyang ဆီကလည်း VIP တွေ မရနိုင်တဲ့ အခွင့်အရေး ရရှိသူဖြစ်ပါတယ်။ MAMA ဆုပေးပွဲမှာ နှစ်ဦးအတူတူ ဆုရခဲ့တာ၊ Taeyang နဲ့အတူ ဓာတ်ပုံရိုက်ခွင့်ရတာတွေ မကသေးပါဘူး။

Heroes အစီအစဉ်တုန်းက Taeyang နဲ့အတူ ဖျော်ဖြေခွင့်ရခဲ့ပြီး Taeyang ရဲ့ ပါးကိုတောင် နမ်းခွင့်ရခဲ့သူဖြစ်ပါတယ်။ ဒီလို BIGBANG အဖွဲ့တွေ အငယ်လေးတွေဖြစ်တဲ့ Daesung နဲ့ Seungri တို့ဟာလည်း IU အတွက် Fan Service လုပ်ပေးခဲ့တာတွေ အများကြီး ရှိပါတယ်။

ပုံမှာ မြင်တဲ့အတိုင်း Seungri ဟာ IU ရဲ့ဆံပင်လေးကို ကိုင်ပြီး ဆော့ကစားနေသလို၊ Daesung ဟာလည်း Talk Show တစ်ခုမှာ IU ကို သူမရဲ့ Good Day သီချင်း ဆိုပြနေတာ ဖြစ်ပါတယ်။

ဒါကြောင့် IU ဟာ BIGBANG ရဲ့ အအောင်မြင်ဆုံး VIP ကောင်မလေးဖြစ်ပြီး BIGBANG အဖွဲ့ဝင်တွေဟာလည်း IU အတွက်ဆို ကူညီပေးဖို့ အသင့်ရှိနေတဲ့ ချစ်စရာသူငယ်ချင်းဆက်ဆံရေးကို ပိုင်ဆိုင်ထားသူပါ။

— ဃဲ

You cannot copy content of this page