K pop

■ ဒီနှစ်အတွင်း BIGBANG အဖွဲ့ Comeback လုပ်မယ်လို့ eBest Investment Securities ဖော်ပြ

— – – BIGBANG အဖွဲ့ရဲ့ Comeback ကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် ဒီသတင်းက ဝမ်းသာစရာ …

တောင်ကိုရီးယားအခြေစိုက် eBest Investment Securities ဟာ ၂၀၂၁ စတုတ္တနှစ်ဝက်အတွက် နာမည်ကျော် အေဂျင်စီတွေရဲ့ Plan တွေကို ချပြခဲ့ပါတယ်။

အဲဒီလို ချပြခဲ့ရာမှာ YG Entertainment ရဲ့ Plan တွေ ပါဝင်ပြီး ဒီဇင်ဘာလမှာ BIGBANG အဖွဲ့အနေနဲ့ အဖွဲ့လှုပ်ရှားမှုတွေကို ပြန်လည်စတင်သွားမယ်လို့ eBest Investment Securities က ဖော်ပြခဲ့တာပါ။

BIGBANG အဖွဲ့ဟာ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၃)ရက်မှာ Flower Road ဆိုတဲ့ သီချင်းကို VIP တွေအတွက် လက်ဆောင်အဖြစ် Audio ထုတ်ခဲ့ပြီး စစ်မှုတာဝန်တွေ ထမ်းဆောင်ခဲ့တာကြောင့် အဲဒီကတည်းက အဖွဲ့လှုပ်ရှားမှုတွေရော၊ သီချင်းသစ်ထုတ်လုပ်မှုတွေကို လုံးဝရပ်နားခဲ့တာ အခုထက်ထိပါပဲ။

BIGBANG အဖွဲ့အနေနဲ့ ၂၀၂၀ Coachella Valley Music and Arts Festival မှာ ပါဝင်ဖျော်ဖြေဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကပ်ဘေးကြောင့် အဲဒီဂီတပွဲကို ဖျက်သိမ်းခဲ့တာကြောင့် BIGBANG အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ပိုပြီး နှောင့်နှေးခဲ့ရပါတယ်။

— ဃဲ
Ref: eBest Investment Securities

You cannot copy content of this page