K pop

■ သူတို့ရဲ့အောင်မြင်မှုကို Scandal တွေတောင် မတားနိုင်ဘူး

— – – ဒီထိတ်ထိတ်ကြဲအမျိုးသားအဖွဲ့ (၃)ဖွဲ့ဟာ Scandal တွေရဲ့ ကြုံတွေခဲ့ရပေမဲ့ အဲဒါတွေက သူတို့အတွက်တော့ …

K-pop အဖွဲ့တွေ၊ အနုပညာရှင်တွေဟာ Scandal တွေကြောင့် နာမည်ကျသွားတာ၊ ပျောက်ဆုံးသွားတာတွေ ရှိပေမဲ့ BIGBANG၊ EXO နဲ့ SHINHWA အဖွဲ့အတွက်တော့ အဲဒါတွေက အတားအဆီးမဟုတ်ပါဘူး။

1- BIGBANG


K-pop မှာ BIGBANG အဖွဲ့ဝင်တွေ မကြုံဖူးတာ မရှိဘူးလို့တောင် ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ BIGBANG အဖွဲ့ဝင်တွေက Dating က စလို့ ကားတိုက်မှုအထိ K-pop ကနေ လွှင့်စင်သွားနိုင်တဲ့ Scandal တွေ၊ အခက်အခဲတွေကို ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်ကျော်လွှားကာ အဲဒီထက် ပိုအောင်မြင်လာတာချည်းပါပဲ။

 

2- EXO


၂၀၁၄၊ ၂၀၁၅ ကာလတွေဟာ EXO အဖွဲ့အတွက် လှိုင်းထန်တဲ့ ကာလတွေ ဖြစ်ပါတယ်။ Baekhyun ရဲ့ ဒိတ်သတင်းကြောင့် ဝေဖန်မှုတွေ ခံခဲ့ရသလို၊ တရုတ်အဖွဲ့ဝင် (၃)ဦး အဖွဲ့က နုတ်ထွက်သွားခဲ့တာပါ။ ၂၀၁၄ မှာ Kris နဲ့ Luhan၊ ၂၀၁၅ မှာ Tao တို့ EXO က နုတ်ထွက်ခဲ့ပြီး SM နဲ့ တရားရင်ဆိုင်တဲ့အထိ ဖြစ်ခဲ့ပေမဲ့ EXO ဟာ ကျန်တဲ့အဖွဲ့ဝင် (၉)ဦးနဲ့ ဒီနေ့ထိ အောင်မြင်စွာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

 

3- SHINHWA


လက်ရှိ K-pop အဖွဲ့တွေထဲမှာ သက်တမ်းအရင့်ဆုံးအဖွဲ့ဖြစ်ပါတယ်။ ၂၀၁၃ မှာ အဖွဲ့ဝင် Andy ပြဿနာတက်ခဲ့ပြီး MBC က ပိတ်ပင်ခံရတဲ့အထိ ဆိုးရွားခဲ့တာပါ။ ဒါပေမဲ့ SHINHWA အဖွဲ့ဝင်တွေဟာ အဲဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး ယနေ့တိုင် K-pop မှာ Idol အဖွဲ့တွေရဲ့ အားကျခံအဖွဲ့အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page