K pop

■ အဖိုးတန်ညချမ်းလေးကို K-pop သီချင်းတွေနဲ့ စီးမျောမယ် (BIGBANG)

– – – ၂၀၀၆ ခုနှစ်မှာ ပွဲထွက်ခဲ့တဲ့ BIGBANG အဖွဲ့ဟာ သီချင်းကောင်းများစွာကို ဖန်တီးခဲ့ပြီး အဲဒီထဲက တချို့ကို ပရိသတ်တွေ နားဆင်ခံစားနိုင်ဖို့ တင်ဆက် …

BIGBANG အဖွဲ့ဟာ လက်ရှိမှာ စစ်မှုတာဝန်တွေကြောင့် Active မဖြစ်တာ (၂)နှစ်ကျော်နေပေမယ့် သူတို့ရဲ့ ဂီတတွေက ပရိသတ်တွေကို လွှမ်းမိုးနေတုန်းပါပဲ။ ၂၀၂၀ ခုနှစ်လောက်မှာတော့ BIGBANG အဖွဲ့ရဲ့ Comeback ကို ပြန်မြင်ရနိုင်တယ်လို့ K မီဒီယာ သုံးသပ်နေကြပါတယ်။ BIGBANG ရဲ့ အလန်းစားသီချင်းတချို့ကို ခံစားလိုက်ပါ။

BIGBANG – Lies

BIGBANG အဖွဲ့ရဲ့ အကောင်းဆုံးသီချင်းတွေက တစ်ပုဒ်ဖြစ်ပြီး သူတို့ စပေါက်ခဲ့တဲ့ သီချင်းလို့လည်း ဆိုကြပါတယ်။ electronic music ကို ဒီသီချင်းမှာ BIGBANG စတင်မိတ်ဆက်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ကြပါတယ်။ ဒီသီချင်းကို ၂၀၀၇ မှာ ထုတ်ခဲ့တာပါ။

BIGBANG – Fantastic Baby

K-pop ရဲ့ Music လမ်းကြောင်းကို Fromat ချပေးခဲ့တဲ့ သီချင်းလို့ ဝေဖန်ရေးဆရာတွေ ချီးကျူးရတဲ့ သီချင်းပါ။ Fantastic Baby သီချင်းမှာ စကားလုံးအသစ်အဆန်းတွေ ပါဝင်သလို အဖွဲ့တွေရဲ့ ဖက်ရှင်နဲ့ MTV က အရမ်းကို လန်းတာကြောင့် ၂၀၁၂ မှာ ထုတ်ဝေတဲ့ အဲဒီသီချင်းဟာ သမိုင်းတွင်တဲ့သီချင်းတစ်ပုဒ်ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။

BIGBANG – Loser

စစ်မှုမထမ်းခင် World Tour နဲ့အတူ နောက်ဆုံးထုတ်ခဲ့တဲ့ MADE Album ကတော့ တစ်ခုလုံး ပစ်စရာမရှိပါဘူး။ Loser သီချင်းက နာမည်ကျော်တစ်ယောက်ရဲ့ နာကျင်ကိုက်ခဲမှု၊ အထီးကျန်ဆန်မှုကို အဖွဲ့ခေါင်းဆောင် G-Dragon ကွက်ကွက်ကင်းကင်း ပုံဖော်ထားတဲ့ သီချင်းတစ်ပုဒ်ပါ။

BIGBANG – If You

အဆွေးသီချင်းကို နှစ်သက်သူတွေအတွက်တော့ If you က အကောင်းဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ T.O.P က Rap မဟုတ်ဘဲ သီချင်းစဆိုထားတဲ့ ဒီသီချင်းဟာ ပရိသတ်တွေ အရမ်းနှစ်သက်ကြတဲ့ သီချင်းတစ်ပုဒ်ပါပဲ။

BIGBANG – Flower Road

VIP တွေအတွက် စစ်မှုမထမ်းခင် BIGBANG က လက်ဆောင်ပေးခဲ့တာ ဖြစ်ပြီး သူတို့ကို အားပေးခဲ့တဲ့အတွက် ဘယ်လောက် ကျေးဇူးတင်ကြောင်း၊ ပန်းတွေဝေတဲ့ တစ်နေ့ ပြန်တွေ့ကြမယ် ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ နေပါဆိုတဲ့ Message တွေ ပေးထားတဲ့ သီချင်းဖြစ်ပါတယ်။

– ဃဲ
via You Tube and Photos Credit.

You cannot copy content of this page