K pop

■ K Netizens တွေ အရမ်းချစ်ကြတဲ့ YG ရဲ့ Flower Boys (၄) ဦး

— – – သူတို့ရဲ့ Visual က အသက်ရှုမှားလောက်အောင် ပရိသတ်တွေကို ပြုစားနိုင်စွမ်းရှိနေ …

Flower boys ကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် လှတာပါမယ်။ ချစ်စရာကောင်းတာ ပါမယ်။ ယောကျ်ားဆန်ဆန် Handsome ဖြစ်တာလည်း ပါမယ်။ K Netizens တွေကတော့ သူတို့ (၄) ဦးကို YG Entertainment ရဲ့ Flower Boys တွေကို သတ်မှတ်ထားကြပါသတဲ့။

G-Dragon BIGBANG


G-Dragon ကို Flower Boys အဖြစ် မြင်ဖို့ တစ်မျိုးဖြစ်နိုင်ပေမဲ့ သူ့ရဲ့နူးညံ့သိမ့်မွေ့မှု၊ ဘယ်သူနဲ့မှ မတူတဲ့ ဖက်ရှင်၊ အပြစ်ရှာလို့ မရတဲ့ သူ့ရဲ့ချစ်စရာကောင်းမှု၊ နှစ်လိုဖွယ်အပြုံးနဲ့ စတိုင်လ်တွေက သူ့ကို မျက်လုံးခွာဖို့ မဖြစ်နိုင်လောက်အောင် ဆွဲဆောင်နိုင်သူပါ။

 

T.O.P BIGBANG


T.O.P က ယောကျ်ားလေးအချင်းချင်းတောင် ကြွေရတဲ့သူမျိုးပါ။ လူတိုင်းက သူ့ရဲ့ Visual မှာ ဆွံအသွားစမြဲ ဖြစ်ပြီး K-Pop ရဲ့ Original Handsome နဲ့ Original Flower Boys လည်း ဖြစ်တယ်။ T.O.P လမ်းလျှောက် ဝင်လာရုံနဲ့တင် စတိတ်ဖျော်ဖြေမှုက ပြီးပြည့်စုံတယ်လို့တောင် ပြောကြပါတယ်။

 

Jinwoo WINNER


ကိုရီးယားအင်တာနက်အသုံးပြုတွေက WINNER အဖွဲ့ဝင် Jinwoo ရဲ့ Visual ကို လုံးဝမျက်ကွယ်မပြုနိုင်ပါဘူး။ သူ့ရဲ့အိပ်မက်ဆန်တဲ့ မျက်တောင်မွှေး ရှည်ရှည်မျောမျောလေးတွေ၊ ပြီးပြည့်စုံတဲ့ အသားအရေနဲ့ မျက်နှာပေါက် အကျတွေနဲ့ Jinwoo က နှင်းဆီခိုင်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်သူပါ။

 

Yunhyeong iKON


Yunhyeong ရဲ့ Handsome ဖြစ်မှုကို Netizens တွေ ချီးကျူးလို့ မဆုံးပါဘူး။ သူက Pretty & Cuty ကို တစ်ချိန်တည်းမှာ ချပြနိုင်သူအဖြစ် လူသိများပြီး သူ့ရဲ့ Visual ကို ကိုရီးယားတွေက absolutely superb လို့တောင် ဆိုကြပါတယ်။

Ref: Koreaboo

You cannot copy content of this page