— – – Lisa အနေနဲ့ Rosé လိုမျိုးဖြစ်ချင်တဲ့ အချက်တစ်ခုကတော့ …
BLACKPINK အဖွဲ့ ဖြစ်တည်လာတာ (၆)နှစ်ကျော်ခဲ့ပြီဖြစ်ပြီး BLACKPINK အဖွဲ့ အတူတကွ နေထိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။
အတူတကွ နေထိုင်ရင်း တစ်ယောက်အခက်အခဲကို တစ်ယောက်ကူ၊ တစ်ယောက်ဆီက တစ်ယောက် သင်ယူရင်း ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး အခုအချိန်ထိလည်း တစ်ယောက်ရဲ့ ကောင်းကွက်တွေကို တစ်ယောက်က အတုယူ နေတုန်းပါပဲ။
Lisa က BLACKPINK အဖွဲ့ထဲမှာ သူနဲ့ သက္ကရာဇ်တစ်ခုတည်း မွေးဖွားတဲ့ Rosé နဲ့နေရတာ အကောင်းဆုံးလို့ ဆိုထားပြီး Rosé ဆီမှာ သူမ လိုချင်တဲ့ အရာတစ်ခုကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
Lisa က “Rosé က စားသောက်ချိန်တွေကို ဘယ်တော့မှလွတ်လေ့မရှိဘူး။ ဒါ ကျွန်မ လိုချင်တဲ့ အချက်တစ်ခုပါပဲ။ ကျွန်မအနေနဲ့ ပျင်းလာပြီဆိုရင် မစားမသောက်ဘဲ နေလေ့ရှိတယ်။ ဒါပေမဲ့ Rosé ကတော့ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာအတွက် အချိန်စာရင်းဆွဲပြီးသားပဲ။
ကျွန်မအနေနဲ့လည်း Rosé လို ဖြစ်ချင်တယ်။ Rosé က ကားပေါ်မှာပဲဖြစ်ဖြစ်၊ ဖျော်ဖြေဖို့ စောင့်နေတဲ့ အခန်းမှာပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှမဆို သူ စားချိန်ကျရင် စားတာပါပဲ”လို့ ဆိုခဲ့ပါတယ်။
ဒါ့ပြင် Lisa က Rosé ရဲ့ high energy ကိုလည်း သဘောကျပြီး ဖျော်ဖြေနေတဲ့အချိန်မှာ Rosé ရဲ့ Energy က သူတို့ကိုသာမက ပရိသတ်တွေကိုပါ လွှမ်းမိုးနိုင်တယ်လို့ ဆိုခဲ့တာပါ။
Ref: Koreaboo