— – – ဒီအချက် (၃)ခုကို ကြည့်လိုက်မယ်ဆိုရင် Jungkook အမှန်ပြောနေတာလား၊ လိမ်နေတာလားဆိုတာကို …
K-Pop ပရိသတ်တွေဟာ သူတို့ အရူးအမူးချစ်တဲ့ Idol တွေကို အသေးစိတ်အချက်အလက်တွေကအစ လေ့လာလေ့ရှိပြီး ထဲထဲဝင်ဝင်သိရှိသူတွေ ဖြစ်လို့ Idol တွေရဲ့စိတ်ကို ခန့်မှန်းနိုင်တဲ့အခါတွေလည်း ရှိပါတယ်။ Jungkook လိမ်နေကြောင်း ဒီအချက် (၃)ချက်ကို ကြည့်ရင် သိနိုင်တယ်လို့ BTS အဖွဲ့ဝင်တွေနဲ့ ARMY တွေက ဆိုကြပါတယ်။
၁။ မျက်လုံး
Jungkook က ရိုးသားလွန်းသူဖြစ်လို့ သူ လိမ်တာနဲ့ မိတာပါပဲ။ Jungkook ဟာ တစ်ခုခု လိမ်ပြီး BTS အဖွဲ့ဝင်တွေရဲ့ မျက်လုံးကို မကြည့်ဘဲ ရှောင်လွဲှလေ့ရှိပါတယ်။
၂။ တခစ်ခစ် ရယ်တယ်
Jungkook ဟာ တစ်ခုခု အမှားလုပ်ထားတဲ့ အခါပဲဖြစ်ဖြစ်၊ တစ်ခုခု လိမ်ထားတဲ့ အခါပဲဖြစ်ဖြစ် တခစ်ခစ်ရယ်နေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ Jungkook လိမ်နေမှန်း BTS အဖွဲ့ဝင်တွေ ဖမ်းမိကြတာပါပဲ။
၃။ ထွက်ပြေး
အပေါ်က နှစ်ခု အလုပ်မဖြစ်တဲ့အခါမျိုးမှာတော့ Jungkook ဟာ ကြံရာမရတော့ဘဲ နောက်ဆုံး လုပ်တတ်တာကတော့ ထွက်ပြေးတာပါပဲ။
Ref: Koreaboo