K pop

■ အများ အားကျရတဲ့ သူတို့မောင်နှစ်မရဲ့ဆက်ဆံရေးအခြေအနေကို Park Yoora ဖွင့်ဟ

– – -မြင်သူတိုင်း အားကျရတဲ့ Chanyeol တို့ မောင်နှစ်မနှစ်ယောက် ဆက်ဆံရေးဟာ…

EXO အဖွဲ့ဝင် Chanyeol နဲ့ အစ်မဖြစ်သူ Park Yoora တို့ မောင်နှစ်တွေရဲ့ ဆက်ဆံရေးဟာ အားကျချင်စရာကောင်းတာပါ။

သူတို့နှစ်ယောက်ဟာ အပြန်အလှန် လက်ဆောင်တွေပေးကျနဲ့ ပရိသတ်တွေအမြင်မှာ တကယ့်ကို ကြည်နူးစရာကောင်းတဲ့ မောင်နှစ်မတွေပဲ ဖြစ်ကြပါတ်ယ ။

Park Yoora ဟာ အင်တာဗျူး တစ်ခု ပြုလုပ်ခဲ့ရာမှာတော့ Chanyeol ရဲ့ အောင်မြင်မှုအပေါ် သူ့ရဲ့ ခံစားချက်အကြောင်း၊ သူတို့မောင်နှမအကြောင်းတွေကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ ဆက်ဆံရေးက ပရိသတ်အမြင်နဲ့ ကွဲပြားပါတယ်။ အားလုံးရဲ့အမြင်မှာ ကျွန်မတို့က အရမ်းချစ်ခင်ကြတဲ့ မောင်နှမတွေလို့ ထင်စရာ ရှိပေမဲ့ တကယ်တော့ သာမန်မောင်နှမတွေလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် နင်နဲ့ငါနဲ့ ဆိုပြီးပဲ ပြောဆိုကြတာပါ”လို့ Park Yoora က ဆိုခဲ့တာပါ။

EXO အဖွဲ့ ပွဲထွက်ချိန်ကဆို သူမအနေနဲ့ စိတ်လှုပ်ရှားမိကြောင်း။ EXO အဖွဲ့ရဲ့ သီချင်းတိုင်းကိုရှာပြီး နားထောင်ဖြစ်ကြောင်း၊ Chanyeol ရဲ့ အောင်မြင်မှုအပေါ် ဂုဏ်ယူမိကြောင်း Park Yoora က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page