K pop

■ HYBE က IZ*ONE အဖွဲ့ဝင်ဟောင်းတွေကို စုဆောင်းနေတယ်လို့ သတင်းထွက်

— – – BLACKPINK ကိုယှဉ်နိုင်တဲ့ အမျိုးသမီးအဖွဲ့ ပွဲထုတ်မယ်လို့ ကြော်ငြာထားတဲ့ HYBE က အခုလိုလုပ်လာတာဟာ …

HYBE က Source Music နဲ့ ပူးပေါင်းပြီး အမျိုးသမီးအဖွဲ့သစ် ပွဲထုတ်ဖို့ ကြိုးစားလျက်ရှိပြီး အခုဆိုရင် သူတို့အနေနဲ့ IZ*ONE အဖွဲ့ဝင်ဟောင်း (၂)ဦးကို စုဆောင်းဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ကိုရီးယားမီဒီယာ Star News ရဲ့ ဖော်ပြချက်အရ HYBE က IZ*ONE အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Kim Chaewon နဲ့ Miyawaki Sakura တို့ ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး သူတို့ရဲ့ အေဂျင်စီ Woollim Entertainment နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။

HYBE ရဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သူတို့အနေနဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပွဲထုတ်မယ့် အမျိုးသမီးအဖွဲ့သစ်ဟာ လက်ရှိ K-Pop မှာ အကျော်ကြားဆုံးဖြစ်တဲ့ BLACKPINK အဖွဲ့ကို Visual ပိုင်းမှာရော၊ Skill ပိုင်းမှာ ကောင်းကောင်းယှဉ်နိုင်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့တာပါ။

HYBE အနေနဲ့ အဲဒီလို ကြေညာခဲ့တာကြောင့် K-Pop ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အခု IZ*ONE အဖွဲ့ဝင်ဟောင်းတွေကို ခေါ်ယူပြီး ကြိုးပမ်းပြီး BLACKPINK နာမည်ကို အသုံးချကာ ပရိသတ်တွေ စိတ်ဝင်စားအောင် လုပ်နေတာက စိတ်ပျက်စရာ ကောင်းတယ်လို့ ကိုရီးယား အင်တာနက်အသုံးပြုသူတွေက ဝေဖန်ခဲ့ကြပါတယ်။

Source: Star News

 

-Zawgyi

■ HYBE က IZ*ONE အဖဲြ႕၀င္ေဟာင္းေတြကုိ စုေဆာင္းေနတယ္လုိ႔ သတင္းထြက္

— – – BLACKPINK ကုိယွဥ္ႏုိင္တဲ့ အမ်ဳိးသမီးအဖဲြ႕ ပဲြထုတ္မယ္လုိ႔ ေၾကာ္ျငာထားတဲ့ HYBE က အခုလုိလုပ္လာတာဟာ …

HYBE က Source Music နဲ႔ ပူးေပါင္းၿပီး အမ်ဳိးသမီးအဖဲြ႕သစ္ ပဲြထုတ္ဖုိ႔ ႀကိဳးစားလ်က္ရွိၿပီး အခုဆုိရင္ သူတုိ႔အေနနဲ႔ IZ*ONE အဖဲြ႕၀င္ေဟာင္း (၂)ဦးကုိ စုေဆာင္းဖုိ႔ ႀကိဳးစားေနတယ္လုိ႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။

ကုိရီးယားမီဒီယာ Star News ရဲ႕ ေဖာ္ျပခ်က္အရ HYBE က IZ*ONE အဖဲြ႕၀င္ေဟာင္းေတြျဖစ္တဲ့ Kim Chaewon နဲ႔ Miyawaki Sakura တုိ႔ ေခၚယူဖုိ႔ ႀကိဳးစားေနတာျဖစ္ၿပီး သူတုိ႔ရဲ႕ ေအဂ်င္စီ Woollim Entertainment နဲ႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရခဲ့ၿပီလုိ႔ သိရပါတယ္။

HYBE ရဲ႕ ထိပ္တန္းတာ၀န္ရွိသူတစ္ဦးက သူတုိ႔အေနနဲ႔ ၂၀၂၁ ႏွစ္ကုန္ပုိင္းမွာ ပဲြထုတ္မယ့္ အမ်ဳိးသမီးအဖဲြ႕သစ္ဟာ လက္ရွိ K-Pop မွာ အေက်ာ္ၾကားဆုံးျဖစ္တဲ့ BLACKPINK အဖဲြ႕ကုိ Visual ပုိင္းမွာေရာ၊ Skill ပုိင္းမွာ ေကာင္းေကာင္းယွဥ္ႏုိင္တယ္လုိ႔ အခုိင္အမာ ေျပာဆုိခဲ့တာပါ။

HYBE အေနနဲ႔ အဲဒီလုိ ေၾကညာခဲ့တာေၾကာင့္ K-Pop ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး အခု IZ*ONE အဖဲြ႕၀င္ေဟာင္းေတြကုိ ေခၚယူၿပီး ႀကိဳးပမ္းၿပီး BLACKPINK နာမည္ကုိ အသုံးခ်ကာ ပရိသတ္ေတြ စိတ္၀င္စားေအာင္ လုပ္ေနတာက စိတ္ပ်က္စရာ ေကာင္းတယ္လုိ႔ ကုိရီးယား အင္တာနက္အသုံးျပဳသူေတြက ေ၀ဖန္ခဲ့ၾကပါတယ္။

Source: Star News

You cannot copy content of this page