– – – တော်တော်လေးကြာမှ Red Velvet ရဲ့ Stylist ဟာ ….
Red Velvet ဟာ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ Comeback ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Red Velvet အနေနဲ့ သြဂုတ်(၁၆) ရက်နေ့က Queendom သီချင်းသစ်ကို ထုတ်ဝေခဲ့တာပါ။ Red Velvet ရဲ့ အဲဒီသီချင်းသစ်ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး အောင်မြင်မှုကို ရရှိနေတာ ဖြစ်ပါတယ်။
Queendom သီချင်းကို ထွက်ရှိပြီးနောက် Red Velvet ဟာ V Live မှာ ပရိသတ်တွေနဲ့ Online Meeting တစ်ခုပြုလုပ်ကာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီမှာ Red Velvet အဖွဲ့ဝင်တွေ ဝတ်ဆင်ထားတဲ့ ဝတ်စုံဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ချီးကျူးခဲ့ကြတာ ဖြစ်ပါတယ်။ အဖွဲ့ဝင် (၅) စလုံးရဲ့ မတူကွဲပြားတဲ့ အဝတ်အစားဒီဇိုင်းတွေအားလုံးက ပရိသတ်တွေကြား ထင်ပေါ်နေခဲ့တာပါ။
အရောင်တောက်တောက် ဒီဇိုင်းတွေ၊ ဂျင်းဝတ်စုံတွေ၊ ဖိနပ်တွေအားလုံးက အဖွဲ့ဝင်တစ်ယောက်ချင်းစီနဲ့ ကွက်တိလိုက်ဖက်ကြတယ်လို့ K-Netizen တွေက ချီးကျူးမှတ်ချက်ပြုခဲ့ပါတယ်။ ” Red Velvet’s stylist ကို အချိန်တော်တော်ကြာမှ ပထမဆုံးအကြိမ် သဘောတွေ့မိတာပဲ” “အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ဒီဇိုင်းက ကွဲပြားပြီး လှပလွန်းတယ်”လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြတာပါ။
-Ref: Koreaboo