– – -BTS ကို ပြင်းထန်တဲ့စကားလုံးတွေနဲ့လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တဲ့ ဒိုမီနီကန် ရေဒီယို အစီအစဉ်တစ်ခုဟာ…
Dominican ရေဒီယိုတစ်ခုဖြစ်တဲ့ Esto no es radio မှာ ပါဝင်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူတွေကတော့ လက်ရှိမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အစီအစဉ်မှာ ပါဝင်သူတွေအားလုံးဟာ BTS အဖွဲ့ကို ပြင်းထန်တဲ့ စကားလုံးတွေ သုံးပြီး လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့ကြတာပါ။ တစ်ယောက်က BTS ဟာ မိန်းကလေးငယ်တွေ ကိုးကွယ်တဲ့အရာတစ်ခုဖြစ်ကြောင်း၊ ချာတိတ်မတွေဟာ BTS အတွက် အချိန်တော်တော်ကုန်ကြကြောင်း ဆိုခဲ့ပါတယ်။
နောက်တစ်ယောက်ကလည်း BTS ဟာ မြောက်အမေရိကပုံစံနဲ့တူအောင် ခွဲစိတ်မှုတွေ ပြုလုပ်ထားခဲ့ပေမဲ့ အာရှနှောနေကြောင်း စော်ကားမော်ကား ပြောဆိုခဲ့တာပါ။
တစ်ဖန်တောက်တစ်ယောက်က BTS ဟာ တရုတ်နဲ့တူကြောင်းဆိုကြောင်း ရယ်တောင်ရယ်နေလိုက်ကာ စော်ကားခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပရိသတ်တွက ဒေါသထွက်ကာပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။
လူမျိုးရေးခွဲခြားမှုတွေ ရပ်တန့်ပေးဖို့၊ BTS အဖွဲ့ကို ပြန်လည်တောင်းပန်ပေးဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။
-Ref: Koreaboo