K pop

■ YG Entertainment နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ WINNER

— WINNER အဖွဲ့ဝင် 4 ဦးစလုံးဟာ YG Entertainment နဲ့ စာချုပ်သက်တမ်းတိုးခဲ့…

သြဂုတ်လ 18 ရက်နေ့က YG Entertainment က WINNER အဖွဲ့ဝင်တွေဖြစ်တဲ့ Kang Seung Yoon ၊ Lee Seung Hoon ၊ Song Mino နဲ့ Kim Jin Woo တို့ဟာ အေဂျင်စီနဲ့ 5 နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

WINNER အဖွဲ့ဟာ သူတို့ရဲ့ 7 နှစ်ပြည့် Debut နှစ်ပတ်လည်နေ့မှာ YG Entertainment နဲ့ စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှုရခဲ့ပြီး သြဂုတ်လ 17 ရက်နေ့မှာ စာချုပ်ချုပ်ခဲ့တာလို့ သိရပါတယ်။

YG Entertainment နဲ့ စာချုပ်သက်တမ်းတိုးခဲ့တာနဲ့ပတ်သက်ပြီး WINNER အဖွဲ့ကလည်း “ ကျွန် တော်တို့ အမြဲတမ်းချစ်ပြီး လေးစားရသလို ကျွန်တော်တို့ဘက်က အမြဲတမ်းရပ်တည်ပေးခဲ့တဲ့ INNER CIRCLE တွေကို ပြောချင်ပါတယ်။ ကျွန်တော်တို့အခုလို Music လမ်းကြောင်းပေါ်မှာ တည်ရှိနေတာ ခင်ဗျားတို့ကြောင့်ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ မမေ့နိုင်တဲ့ အမှတ်တရတွေကို မျှဝေရင်း အဆုံးမရှိတဲ့ Music လမ်းကို ကျွန်တော်တို့ ဆက်လက်လျှောက်လှမ်းသွားမှာပါ” လို့ ဖော်ပြခဲ့ပါတယ်။

WINNER အဖွဲ့ဟာ 2014 ခုနှစ်က “2014 S/S” Album နဲ့ Debut လုပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Kim Jin Woo နဲ့ Lee Seung Hoon တို့က စစ်မှုတာဝန်ထမ်းဆောင်နေတာ ကြောင့် အဖွဲ့လိုက်လှုပ်ရှားမှုတွေ ခတ္တခဏ အနားယူနေတာဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page