K pop

■ BTS ရဲ့ အောင်မြင်မှုကြောင့် ခံစားရတဲ့ ဖိအားတွေကို ပြောပြခဲ့တဲ့ Yeonjun

— ကမ္ဘာအနှံ့ အောင်မြင်ကျော်ကြားနေတဲ့ စီနီယာ BTS တွေကြောင့် ဖိအားတွေ ခံစားခဲ့ရပုံကို TXT အဖွဲ့ဝင် Yeonjun က …

TXT အဖွဲ့ဟာ  အွန်လိုင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဲဒီမှာ BTS နဲ့တစ်မိုးအောက်တည်းရှိနေတဲ့ သူ တို့ရဲ့ ဖိအားတွေကို ပြောပြခဲ့ပါတယ်။

TXT အဖွဲ့ဝင်ဖြစ်တဲ့ Yeonjun က “ စီနီယာ BTS တွေရဲ့အောင်မြင်မှုဟာ ကျွန်တော်တို့ကို စိတ်ဓါတ် ခွန်အားတွေဖြစ်စေပါတယ်။ ကမ္ဘာအနှံ့ BTS ရဲ့သမိုင်းဝင်အောင်မြင်မှုတွေ ကြားရတိုင်း ကျွန်တော်တို့ လည်း ထပ်တူပျော်ရပါတယ်။ ဒီလို အဖွဲ့ရဲ့ ဂျူနီယာဖြစ်ရတယ်ဆိုပြီးတော့ပါ။ စီနီယာတွေကြောင့် ကျွန်တော်တို့ ဖိအားတွေမရှိဘူးလို့ ပြောရင် လိမ်ရာကျပါတယ်။ ဒါပေမဲ့ ကိုယ့်နည်းလမ်းနဲ့ကို ဖိအား တွေကို ကျွန်တော်တို့ ရင်ဆိုင်ရပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် Yeonjun က အောက်ခြေကတက်လာပြီး အောင်မြင်မှုတွေရရှိလာတဲ့ BTS ကြောင့် အေဂျင် စီရဲ့ တန်ဖိုးနဲ့ငွေကြေးက မြင့်တက်လာသလို သူတို့ကလည်း အရန်သင့်အနေအထားတစ်ခုရှိခဲ့တယ် ဆိုတဲ့ ဖိအားတွေကိုလည်း ပိုရင်ဆိုင်ရတယ်လို့ ပြောခဲ့ပါတယ်။

“ အမှန်တိုင်းပြောရင် ကျွန်တော်တို့ဟာ ပိုပြီး အင်အားတောင့်တင်းတဲ့ အနေအထားတစ်ခုမှာ လေ့ ကျင့်မှုတွေနဲ့ Music တွေ ပိုပြီး လုပ်နိုင်တာဖြစ်ပါတယ်။ ဒီအခြေအနေကြောင့်လည်း ကျွန်တော်တို့ သေလုမတက်ကြိုးစားရပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဟာ ဒီအနေအထားမှာဖြစ် နေပေမယ့် ကျွန်တော်တို့ရဲ့ Music တွေ၊ ဖျော်ဖြေမှုတွေနဲ့ ကိုယ့်တန်ဖိုးကို သက်သေပြသွားမှာပါ။ ဒီ အတွက်လည်း တဖြည်းဖြည်း တိုက်ပွဲဝင်သွားမှာဖြစ်ပြီး တစ်နေ့ ကိုယ့်တန်ဖိုးကိုယ် သက်သေပြတဲ့ နေ့ရောက်ရှိအောင် လုပ်သွားမှာပါ” လို့ Yeonjun က ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page