—- မင်းသမီး Kim Yoo Jung ဟာ ကလေးဘဝသရုပ်ဆောင်ကတည်းက ပရိသတ်အားပေးမှုကို ရရှိခဲ့ ပြီး အခုအချိန်အထိ ချစ်ခြင်းကို ရရှိနေတဲ့ မင်းသမီး ဖြစ်ပါတယ်။
ဒါပေမဲ့ Kim Yoo Jung က သူမဟာ ငယ်ငယ်တုန်းကထက် အခုမလှတော့ပါဘူးလို့ ပြောခဲ့ပါတယ်။ Kim Yoo Jung နဲ့ သီချင်းရေးဆရာ Kim Eana တို့ရဲ့ Mobile Messenger ကနေ စကားပြောကြတဲ့ ဗီဒီယိုတစ်ခုကို YouTube Channel တစ်ခုမှာတင်ခဲ့ပါတယ်။
အဲဒီမှာ သီချင်းရေးဆရာ Kim Eana ဟာ Kim Yoo Jung ရဲ့ အလှတရားတွေကို ချီးကျူးခဲ့ပြီး “ များစွာသော လူတွေက မင်းရဲ့ဘဝတစ်လျှောက် အခုအချိန်ဟာ အလှဆုံးအချိန်လို့ မှတ်ချက်ပေး နေကြတယ်။ ဒါပေမဲ့ အတိတ်က မင်းရဲ့ပုံတွေက ဒါဟာ မှားတယ်ဆိုတာပြနေတယ်။ လူတွေက မင်း ရဲ့အလှတရားကို မမြင်နိုင်ကြဘူး” လို့ ပြောခဲ့တာပါ။
နောက်တော့ Kim Eana ဟာ Kim Yoo Jung ထံ ငယ်စဉ်က သူမသရုပ်ဆောင်ထားတဲ့ ကြော်ငြာတစ် ခုပေးပို့ခဲ့ပါတယ်။ “ အဲဒီမှာ ကြည့်လေ…ဒီ ကြော်ငြာကို ငါမှတ်မိတယ်။ မင်းက အရမ်းချစ်ဖို့ကောင်းခဲ့ တာပါ။ အခု မင်းရဲ့အလှက ထင်မှတ်ထားသလို ပိုပြီး ဖြစ်ပေါ်လာတာပဲ” လို့ Kim Eana က ဆက်ပြော ခဲ့ပါတယ်။
အဲဒီအခါ Kim Yoo Jung က “ ငယ်စဉ်ကထက် ကျွန်မကိုယ်ကျွန်မ အခုလှတယ်လို့ မထင်ပါဘူး။ ကျေနပ်မှုမရှိတဲ့ မျက်နှာအစိတ်အပိုင်းရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ Kim Eana က ထပ်ပြီး ဘယ်နေ ရာလဲလို့ မေးခဲ့ပါ တယ်။
Kim Yoo Jung က “ ငယ်စဉ်ကထက် ကျွန်မ မျက်လုံးဟာ သေးသထက်သေးလာတယ်လို့ ခံစားရပါ တယ်။ ဒါမှမဟုတ် ကျွန်မ မျက်နှာက ပိုပိုပြီး ကြီးလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ ပြော တဲ့အခါ Kim Eana က “ ဘုရားပေးထားတဲ့ ဒီမျက်နှာအလှတရားကို မင်းက ဒီလိုမျိုးပြောလိုက်တာ လား” လို့ တအံ့တသြနဲ့ ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar