K pop

■ အသံကြားရုံနဲ့ Jin မကဘဲ လုံးဝမနေနိုင်တဲ့ သီချင်းတစ်ပုဒ်

– – -ဒီသီချင်းကို BTS အဖွဲ့တွေ ခန့်မှန်းကြရာမှာ Suga ကမှန်အောင် ခန့်မှန်းနိုင်ခဲ့ပြီး….

BTS ဟာ တလောတုန်းက Vanity Fair နဲ့အင်တာဗျူးမှာတော့ စိတ်ဝင်စားဖွယ်မေးခွန်းတွေအပြင် ဂိမ်းပါကစားခဲ့ကြတာပါ။

ဒါကတော့ BTS အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးတာဖြစ်ပြီး ကျန်အဖွဲ့ဝင်တွေက မှန်အောင် ခန့်မှန်းကြရတာပါ။ Jin နဲ့ ပတ်သက်တဲ့ မေးခွန်းကတော့ “အသံကြားတာနဲ့ Jin မကဘဲ မနေနိုင်တဲံ သီချင်းတစ်ပုဒ်က ဘာလဲ”ဆိုတာပါပဲ။

ဒီမေးခွန်းကိုအရင်ဆုံး Jimin က Permission to Dance လို့ ခန့်မှန်းခဲ့ရာမှာတော့ မမှန်ခဲ့ပါဘူး။ အဲဒီနောက် Jungkook က သူတို့သီချင်းတွေထဲကလား၊ ဒါမှမဟုတ် တခြားသီချင်းလား သဲလွန်စပေးခိုင်းရာမှာ Jin က တခြားသီချင်းလို့ ဆိုခဲ့ပါတယ်။

Jungkook က SNSD ရဲ့ Tell Me Your Wish လို့ ခန့်မှန်းခဲ့ရာမှာတော့ Jin က အရမ်းမြူးတဲ့သီချင်းမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ တစ်ယောက်တစ်လှည့် ခန့်မှန်းကြရင်း နောက်ဆုံး Suga က လက်ထောင်လိုက်ပြီး Jin Jin Jin( Young Tak ရဲ့ Trot Song)လို့ ဆိုခဲ့ရာမှာတော့ သူ့အဖြေမှန်ခဲ့ပါတယ်။

ဒီအခါ Jin က ပြန်အံ့အားသင့်သွားပြီး ဘယ်လိုလုပ် ခန့်မှန်းနိုင်တာလဲလို့ မေးခဲ့ပါတယ်။ ဒီအခါ Suga က ဒီသီချင်းကို Jin နားထောင်တာ ခဏခဏ ကြားဖူးကြောင်း၊ Jin အနေနဲ့ ရေချိုးနေရင်းတောင် နားထောင်ကြောင်း ဆိုခဲ့ပါတယ်။

You cannot copy content of this page