– – – Jessica က သူမအကြိုက်ဆုံး K-pop အဖွဲ့ကို ဖွင့်ဟခဲ့ရာမှာတော့….
SNSD အဖွဲ့ဝင်ဟောင်း Jessica ဟာ သူမအကြိုက်ဆုံး K-pop အဖွဲ့ကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
တလောတုန်းက Jessica ဟာ Youtube Channel မှာ ပရိသတ်တွေမေးသမျှကို ဖြေကြားထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့တာပါ။
အနုပညာဘဝတစ်လျှောက် ဖြတ်သန်းရတာတွေ၊ အကြိုက်ဆုံး အစားအစာတွေအကြောင်း မေးမြန်းထားပြီး အဲဒီအထဲက မေးခွန်းတစ်ခုကတော့ အကြိုက်ဆုံး K-pop အဖွဲ့ကဘာလဲ ဆိုတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ Jessica ရဲ့အဖြေက တခြားမဟုတ်ခဲ့ဘဲ BLACKPINK အဖွဲ့ဖြစ်ခဲ့တာပါ။ Jesscia နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြသူတွေဖြစ်ပြီး သူမရဲ့ ၃၂ နှစ်ပြည့်မြောက် မွေးနေ့ Vlog မှာလည်း Jennie က ပါဝင်ခဲ့တာပါ။
ဒါကြောင့် Jessica ရဲ့ အဖြေကို BLINK တွေကတော့ သဘောကျခဲ့ကြပါတယ်။ BLACKPINK ဟာ သာမန်ပရိသတ်တွေသာမက ကမ္ဘာအနှံ့က အနုပညာရှင်တွေရဲ့ နှလုံးသားကိုလည်း သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
-Ref: Koreaboo