—- Taeyang ၊ T.O.P နဲ့ Daesung တို့ ဘယ်လိုအောင်ပွဲခံခဲ့ကြသလဲဆိုတာကို…
သြဂုတ်လ 15 ရက်နေ့ဟာ ကမ္ဘာအနှံ့က V.I.P တွေ ဂုဏ်ယူခဲ့ကြရတဲ့ BIGBANG အဖွဲ့ရဲ့ အံ့အားသင့် ဖွယ်ကောင်းတဲ့ အနုပညာခရီးလမ်း 15 နှစ်ပြည့် Debut နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
V.I.P တွေဟာ 18 ရက်နေ့မှာ King Of K-pop G-Dragon ရဲ့မွေးနေ့ကို ဂုဏ်ပြုခဲ့ကြပြီး နောက်ရက် မှာ အဖွဲ့ရဲ့ Debut နှစ်ပတ်လည်ကို ဂုဏ်ပြုခဲ့ကြရတာနဲ့ အလုပ်တွေများနေမယ်ထင်ပါတယ်။
V.I.P တွေလိုပဲ BIGBANG အဖွဲ့ဝင်တွေဟာလည်း သူတို့ရဲ့ လျှောက်လှမ်းခဲ့တဲ့ အနုပညာခရီးလမ်းကို လူမှုကွန်ရက်မှာ ဂုဏ်ပြုခဲ့ကြပါတယ်။
ပထမဆုံးအနေနဲ့ Taeyang က သူ့ရဲ့ Fan Page ‘URTHESUN’ မှာ “ တကယ်ပဲ အချိန်တွေကုန်တာ မြန်လွန်းပါတယ်။ ကျွန်တော်တို့ဟာ Debut လုပ်ခဲ့တာ 15 နှစ်တောင်ပြည့်ပါပြီ။ အခုနှစ်နွေရာသီရဲ့ ကောင်ကင်ဟာ ကင်စင်ပြီး လှပနေသလို ကျွန်တော်တို့ရဲ့ နေ့တွေဟာလည်း နောက်ထပ်ပိုပြီး လှပနိုင် မယ်လို့ မျှော်လင့်ပါတယ်” လို့ ဂုဏ်ပြုခဲ့ပါတယ်။
နောက်တစ်ယောက်အနေနဲ့ Daesung ကတော့ သူ့ရဲ့ Fan Page ‘HIGHLITE’ မှာ “ BIGBANG ရဲ့ 15 နှစ်ပြည့် Debut နှစ်ပတ်လည်နေ့တဲ့လေ…ဝိုး… 15 နှစ်တောင်ပြည့်သွားပြီ… ကျွန်တော့်ရဲ့ Forever V.I.P တွေရေ… မကြာခင်တွေ့ကြမယ်လို့ ဆုတောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။
T.O.P တစ်ယောက်ကတော့ သူ့ရဲ့ Instagram မှာ Balloon တွေနဲ့ နံပါတ် 15 ဂဏန်းကို ရိုးရှင်းစွာ ဖော်ပြခဲ့ပြီး ဂုဏ်ပြုခဲ့ပါတယ်။
BIGBANG အဖွဲ့ဟာ သြဂုတ်လ 19 ရက်နေ့ 2006 ခုနှစ် Debut လုပ်ခဲ့တာဖြစ်ပြီး အနုပညာသက် တမ်းတစ်လျှောက် ကောင်းမွန်တဲ့ရသတွေ ပေးစွမ်းနိုင်တဲ့ အနုပညာတွေကို ကိုယ်ပိုင်ဖန်တီးခဲ့ကြ တာဖြစ်ပြီး 15 နှစ် အနုပညာလမ်းမှာလည်း အတက်အကျတွေနဲ့ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။
-m2t
Ref: Allkpop