—- HYBE ဟာ IZ*ONE အဖွဲ့ဝင်ဟောင်း Miyawaki Sakura ကို စာချုပ်ချုပ်ဆိုတယ်ဆိုတဲ့ သတင်း တွေကို တုံ့ပြန်လိုက်ပြီဖြစ်ပါတယ်…
မကြာသေးခင်က ဂျပန်မီဒီယာတစ်ခုက IZ*ONE အဖွဲ့ဝင်ဟောင်း Miyawaki Sakura ဟာ BTS အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ HYBE နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့တာကြောင့် K Netizen တွေ ကြားမှာ Hot Topic ဖြစ်ခဲ့ပါတယ်။
အဆိုပါ မီဒီယာက Miyawaki Sakura ဟာ HYBE x Source Music တို့ Collaboration လုပ်ပြီး ပထမဆုံး စင်တင်မယ့် အမျိုးသမီးအဖွဲ့မှာ ပါဝင်ဖို့မျှော်မှန်းထားတယ်လို့ ဖော်ပြခဲ့တာပါ။ Miyawaki Sakura အပြင် IZ*ONE အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Kim Chae Won လည်း သတင်းထွက်ခဲ့ ပါတယ်။
အဆိုပါ Miyawaki Sakura ရဲ့ သတင်းနဲ့ပတ်သက်ပြီး HYBE Label က “ အနုပညာရှင်ရဲ့ စာချုပ်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်ပါဘူး။ ပရိသတ်တွေအနေနဲ့ နား လည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
HYBE x Source Music တို့ Collaboration လုပ်ပြီး ပထမဆုံး စင်တင်မယ့် အမျိုးသမီးအဖွဲ့မှာ Miyawaki Sakura ပါဝင်နိုင်မလား မပါဝင်နိုင်ဘူးလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
-m2t
Ref: Allkpop