Celebrity

■ မင်းသား Lee Seung Gi နဲ့ TWICE အဖွဲ့တို့ရဲ့ဇာတ်လမ်း

နာမည်ကျော်မင်းသား Lee Seung Gi နဲ့ ကမ္ဘာကျော် K-pop အမျိုးသမီးအဖွဲ့ TWICE တို့ရဲ့ ဇာတ် လမ်းကို Super Junior အဖွဲ့ဝင် Eunhyuk ကဖောက်သည်ချခဲ့တာကို ပရိသတ်တွေက သဘောကျ နေကြပါရဲ့။

နယ်ပယ်နှစ်ခုစလုံးမှာ အသီးသီးအောင်မြင်နေကြတဲ့ မင်းသား Lee Seung Gi နဲ့ Eunhyuk တို့ဟာ စစ်တပ်အတွင်းမှာ ခင်မင်ရင်နှီးခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ Lee Seung Gi ဟာ ‘All the Butlers’ Show မှာ သူ့သူငယ်ချင်း Eunhyuk ကို ဖိတ်ကြားခဲ့တာဖြစ်ပြီး အဲဒီမှာ Eunhyuk က ပျော်ရွှင်စရာ ပုံပြင်ကို ဖောက်သည်ချခဲ့တာဖြစ်ပါတယ်။

Eunhyuk က “ ကျွန်တော် စစ်တပ်အတွင်းမှာရှိနေတုန်းက Lee Seung Gi နဲ့ ကျွန်တော်စတွေ့ခဲ့တာ ပါ။ စတွေ့တွေ့ချင်းမှာ Lee Seung Gi ကျွန်တော့်ကို ဘာမေးလဲထင်လဲ။ ကျွန်တော့်ကို TWICE အဖွဲ့ နဲ့ရင်းနှီးသလားတဲ့။ ပြီးတော့ Lee Seung Gi နဲ့အတူ ကျန်တဲ့စစ်သားတွေကလည်း ဒီမေးခွန်းကိုပဲ ကျွန်တော့်ကို မေးကြတာပါ။ အဲဒီတုန်းက ကျွန်တော်က ဒီလိုတွေးလိုက်တယ်။ Seung Gi လည်း သာမန်ယောကျာ်းလေးပါပဲလားဆိုပြီးတော့ပါ” လို့ ပြောခဲ့ပါတယ်။

Eunhyuk က အဲဒီလိုပြောတဲ့အခါ Lee Seung Gi က အထိတ်တလန့််နဲ့ “ မင်းအလုပ်များနေတယ်လို့ မပြောခဲ့ဘူးလား။ ကျွန်တော့်သူငယ်ချင်းကို Show ကနေ အရင် ပြန်လွှတ်လို့ရတယ်မှတ်လား။ တစ်ချိန် တည်းမှာပဲ ငါတို့အဆုံးသတ်ဖို့မလိုပါဘူး” လို့ နောက်ပြောင်ခဲ့တာကြောင့် အခြားHost တွေနဲ့ ဧည့် သည်တွေ ပွဲကျသွားခဲ့ပါတယ်။

Lee Seung Gi လည်း မိန်းမချောလေးတွေကို အားပေးတတ်တဲ့ ယောကျာ်းသားတစ်ဦးဖြစ်တာ ကြောင့် TWICE အဖွဲ့ရဲ့ Fan တစ်ဦးဆိုတာ ဝန်ခံလိုက်သလိုပါပဲဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page