— – – ပရိသတ်တွေအတွက် Shock ဖြစ်စရာသတင်းဖြစ်ပြီး IG မှာ လက်ရေးစာမူနဲ့အတူ Bobby က …
iKON အဖွဲ့ရဲ့ Rapper တစ်ဦးဖြစ်တဲ့ Bobby က သူ့အနေနဲ့ သိပ်မကြာခင် လက်ထပ်တော့မှာဖြစ်ပြီး စက်တင်ဘာလမှာ ကလေးအဖေဖြစ်တော့မယ်လို့ ဒီနေ့(သြဂုတ်လ ၂၁ ရက်) အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။
Bobby က အဲဒီကြေညာချက်ကို သူ့ရဲ့ Instagram မှာ တင်ခဲ့တာဖြစ်ပြီး အစကတည်းက ပြောသင့်ခဲ့ပေမဲ့ အသိပေးတာ နောက်ကျခဲ့လို့ ပရိသတ်တွေကို တောင်းပန်ကြောင်းလည်း လက်ရေးစာမှာ ဖော်ပြထားပါတယ်။
IG မှာ တင်ထားတဲ့ Bobby ရဲ့ လက်ရေးစာမှာ “မင်္ဂလာပါ iKON အဖွဲ့ဝင် Bobby ဖြစ်ပါတယ်။ ဒီနေ့ အားလုံးကို ကျွန်တော် အသိပေးချင်တာ တစ်ခုရှိတာကြောင့် ဒီစာကို ရေးလိုက်ရတာပါ။
ကျွန်တော် ချစ်တဲ့ကောင်မလေးကို လက်ထပ်မယ်လို့ ကျွန်တော် ကတိပေးထားပါတယ်။ ပြီးတော့ စက်တင်ဘာလမှာ ကျွန်တော် ကလေးအဖေဖြစ်တော့မှာပါ။ အဲဒီအတွက် ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ အခုလို ရုတ်တရက်ကြေညာချက်ကြောင့် ပရိသတ်တွေ ရှုပ်ထွေးသွားမှာကို ကျွန်တော် တောင်းပန်ပါတယ်။
ကျွန်တော့်အနေနဲ့ ဒီကိစ္စကို အစောကြီးကတည်းက အသိပေးသင့်ခဲ့ပေမဲ့ နောက်ကျခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကို ကျွန်တော် မညာချင်ပါဘူး။ ကျွန်တော့်နဲ့ပတ်သက်တာတွေကို ပရိသတ်တွေ အသိပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။
ဒီသတင်းကြောင့် နာကျင်ရသူတွေ၊ စိတ်ရှုပ်ရသူတွေကို တောင်းပန်ပါတယ်။ ကျွန်တော့်အနေနဲ့ iKON အဖွဲ့နဲ့အတူ ကျွန်တော့်တို့ကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး YG Entertainment ကတော့ အတည်ပြုထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
Ref: Bobby IG
-Zawgyi
■ လက္ထပ္ေတာ့မွာျဖစ္သလုိ၊ ကေလးအေဖ ျဖစ္လာေတာ့မယ္လုိ႔ iKON အဖဲြ႕၀င္ Bobby ေၾကညာ
— – – ပရိသတ္ေတြအတြက္ Shock ျဖစ္စရာသတင္းျဖစ္ၿပီး IG မွာ လက္ေရးစာမူနဲ႔အတူ Bobby က …
iKON အဖဲြ႕ရဲ႕ Rapper တစ္ဦးျဖစ္တဲ့ Bobby က သူ႕အေနနဲ႔ သိပ္မၾကာခင္ လက္ထပ္ေတာ့မွာျဖစ္ၿပီး စက္တင္ဘာလမွာ ကေလးအေဖျဖစ္ေတာ့မယ္လုိ႔ ဒီေန႔(ၾသဂုတ္လ ၂၁ ရက္) အံ့အားသင့္ဖြယ္ ေၾကညာခဲ့ပါတယ္။
Bobby က အဲဒီေၾကညာခ်က္ကုိ သူ႕ရဲ႕ Instagram မွာ တင္ခဲ့တာျဖစ္ၿပီး အစကတည္းက ေျပာသင့္ခဲ့ေပမဲ့ အသိေပးတာ ေနာက္က်ခဲ့လုိ႔ ပရိသတ္ေတြကုိ ေတာင္းပန္ေၾကာင္းလည္း လက္ေရးစာမွာ ေဖာ္ျပထားပါတယ္။
IG မွာ တင္ထားတဲ့ Bobby ရဲ႕ လက္ေရးစာမွာ “မဂၤလာပါ iKON အဖဲြ႕၀င္ Bobby ျဖစ္ပါတယ္။ ဒီေန႔ အားလုံးကုိ ကၽြန္ေတာ္ အသိေပးခ်င္တာ တစ္ခုရွိတာေၾကာင့္ ဒီစာကုိ ေရးလုိက္ရတာပါ။
ကၽြန္ေတာ္ ခ်စ္တဲ့ေကာင္မေလးကုိ လက္ထပ္မယ္လုိ႔ ကၽြန္ေတာ္ ကတိေပးထားပါတယ္။ ၿပီးေတာ့ စက္တင္ဘာလမွာ ကၽြန္ေတာ္ ကေလးအေဖျဖစ္ေတာ့မွာပါ။ အဲဒီအတြက္ ကၽြန္ေတာ္ ေပ်ာ္ပါတယ္။ ဒါေပမဲ့ အခုလုိ ႐ုတ္တရက္ေၾကညာခ်က္ေၾကာင့္ ပရိသတ္ေတြ ႐ႈပ္ေထြးသြားမွာကုိ ကၽြန္ေတာ္ ေတာင္းပန္ပါတယ္။
ကၽြန္ေတာ့္အေနနဲ႔ ဒီကိစၥကုိ အေစာႀကီးကတည္းက အသိေပးသင့္ခဲ့ေပမဲ့ ေနာက္က်ခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္။ ကၽြန္ေတာ့္ကုိ အားေပးတဲ့ ပရိသတ္ေတြကုိ ကၽြန္ေတာ္ မညာခ်င္ပါဘူး။ ကၽြန္ေတာ့္နဲ႔ပတ္သက္တာေတြကုိ ပရိသတ္ေတြ အသိေပးဖုိ႔ ကၽြန္ေတာ့္မွာ တာ၀န္ရွိပါတယ္။
ဒီသတင္းေၾကာင့္ နာက်င္ရသူေတြ၊ စိတ္႐ႈပ္ရသူေတြကုိ ေတာင္းပန္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ iKON အဖဲြ႕နဲ႔အတူ ကၽြန္ေတာ့္တုိ႔ကုိ ေစာင့္ေမွ်ာ္ေနတဲ့ ပရိသတ္ေတြအတြက္ အစြမ္းကုန္ႀကိဳးစားသြားမွာပါ”လုိ႔ ေဖာ္ျပထားပါတယ္။
ဒီသတင္းနဲ႔ ပတ္သက္ၿပီး YG Entertainment ကေတာ့ အတည္ျပဳထုတ္ျပန္တာမ်ဳိး မရွိေသးပါဘူး။
Ref: Bobby IG