– – — ဒီအခွင့်အရေး ရခဲ့တာကRM ရဲ့ ဘဝမှာ ဂုဏ်အယူရဆုံး ဖြစ်ခဲ့ပြီး…
BANGTAN BOMB မှာ RM ဟာ ဂျိုဆွန်းမင်းဆက်ရဲ့ တော်ဝင်နန်းတော်ဖြစ်တဲ့ Gyeongbokgung Palace ကို သီးသန့် moonlit tour အဖြစ် သွားရောက်ခွင့် ရခဲ့ပါတယ်။
BTS အဖွဲ့အနေနဲ့ The Tonight Show မှာ အတွက် “IDOL” နဲ့ “Mikrokosmos” ကို ဖျော်ဖြေဖို့Gyeongbokgung Palace ကို သွားရောက်ခဲ့ရတာပါ။
အဲဒီလို Gyeongbokgung Palace ကို သွားရောက်ခဲ့ရတဲ့ အခိုက်အတန့်ဟာ သူ့ဘဝမှာ ဂုဏ်အယူရဆုံး အခိုက်အတန့်ပဲလို့ RM က ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ အဲဒီလိုသွားဖို့ ဘယ်တော့မှ အခွင့်မသာခဲ့ပါဘူး။
လက်မှတ်တွေက အမြဲတမ်း ကုန်နေတာရော၊ မအားတာကြောင့်ရောပါ။ အဲဒါက ကျွန်တော့် ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်”လို့ RM က ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး RM က အဲဒီလိုနေရာကို သွားရတာက သူ့ဘဝရဲ့ ဂုဏ်အယူရဆုံး အခိုက်အတန့်ဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ “Geunjeongjeon ရှေ့မှာ ဖျော်ဖြေရတာ ယုံတောင် မယုံနိုင်စရာပါ။ ဒါက ကျွန်တော့်ဘဝမှာ ဂုဏ်အယူရဆုံးနဲ့ အမှတ်ရစရာ အကောင်းဆုံးပါပဲ”လု့ိ RM u က ဖွင့်ဟခဲ့ပါတယ်။
သူ့အနေနဲ့ Gyeongbokgung နေရာမျိုးတွေကို နှစ်စဉ်နှစ်တိုင်း သွားရောက်ဖို့ ကြိုးပမ်းလေ့ရှိကြောင်း၊ သူဟာ သမိုင်းကို ချစ်မြတ်နိုးသူဖြစ်ကြောင်း RM က ထပ်လောင်း ဖွင့်ဟခဲ့ပါတယ်။
-Ref: Koreaboo