K pop

■ TWICE ရဲ့ Bodyguard ရွေးချယ်ခဲ့တဲ့ အဖွဲ့ထဲမှာ အလှဆုံး အဖွဲ့ဝင် (၂) ဦး

– – – -TWICE အဖွဲ့တွေအားလုံး လှပေမဲ့ ဒီအဖွဲ့ဝင်နှစ်ယောက်ကတော့ အဖမ်းစားနိုင်ဆုံးလို့…

Jeong Seung Min နဲ့ Yang Tae Il တို့ဟာ ကိုရီးယားအနုပညာနယ်ပယ်ထဲ နှစ်ပေါင်းများစွာ Bodyguards အဖြစ် ကျင်လည်လာခဲ့တာပါ။

သူတို့တွေဟာ BTS, SEVENTEEN, TWICE, GFRIEND, WJSN, MOMOLAND တို့အပါအဝင် K-pop အဖွဲ့ပေါင်းများစွာရဲ့ Bodyguard အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

AYO မှာ သူတို့နှစ်ဦး ပါဝင်ခဲ့ရာမှာတော့ TWICE အဖွဲ့နဲ့ ပတ်သက်ပြီး ဖွင့်ဟချက် ပြုလုပ်ခဲ့ပါတယ်။ Jeong Seung Min ဟာ TWICE အဖွဲ့ ပထမဆုံး Conert မှာကတည်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး Yang ကတော့ နောက်မှ ဝင်လာခဲ့တာပါ။

Yang ဟာ TWICE အဖွဲ့ရဲ့ ပရိသတ်ဖြစ်ကြောင်း သတိပြုမိချိန်မှာ Jeong Seung Min က သူ့ကို TWICE အဖွဲ့ရဲ့ စတိတ်စင်အနီးစပ်ဆုံးနေရာမှာ နေရာချထားပေးခဲ့တာပါ။ ဒီလို TWICE အဖွဲ့ဝင်တွေကို အနီးကပ် တွေ့မြင်ရတဲ့ Yang ဟာ TWICE ထဲမှာ သူ့ကို အဖမ်းစားနိုင်ဆုံး၊ အလှဆုံး အဖွဲ့ဝင်နှစ်ယောက်ကို ဖွင့်ဟခဲ့ပါတယ်။

အဲဒီအဖွဲ့ဝင်နှစ်ယောက်က တခြားတော့ မဟုတ်ဘဲ Dahyun နဲ့ Momo တို့ပဲ ဖြစ်ပါတယ်။ TWICE အဖွဲ့ဝင်တွေအားလုံးဟာ အလွန်လှပလွန်းတယ်လို့လည်း Yang က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page