K pop

■ Rosé ကို ဖိအားတွေ ပြေလျှော့စေတဲ့ တူရိယာက ဘာလဲ

– – – အနာဂတ်မှာ ဒီတူရိယာနဲ့ပတ်သက်ပြီး Rose’ ရဲ့ လက်စွမ်းပြမှုတွေကိုလည်း တွေ့မြင်ရဖို့ ရှိနေပါတယ်။

BLACKPINK အဖွဲ့ဝင် Rose’ ဟာ အဆို၊ အကပိုင်းမှာမက တခြားအရည်အသွေးကောင်းတွေကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတ်ယ။

အထူးသဖြင့် Rose’ အနေနဲ့ တူရိယာတွေ တီးခတ်ရာမှာ ကျွမ်းကျင်သူဖြစ်ပြီး Elle Korea နဲ့ အင်တာဗျူးမှာ သူမကို ဖိအားတွေပြေလျှော့စေတဲ့ တူရိယာကို ဖွင့်ဟခဲ့ပါတယ်။

Rose’ ဟာ မကြာခဏ ဂစ်တာနဲ့ ပီယာနိုစကေးတွေကို ထုတ်ပြလေ့ရှိပြီး အဲဒီအထဲကမှ သူမကို သက်သောင့်သက်သာအဖြစ်ဆုံး တူရိယာက ပီယာနိုပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး အနာဂတ်မှာ Rose’ ဆီကနေ ပီယာနို Cover တွေ တွေ့မြင်ရမလားလို့လည်း အမေးခံခဲ့ရပါတယ်။ အဲဒီအခါ Rose’ က “ဒါပေါ့ သေချာပါတယ်။ အနာဂတ်မှာ ကျွန်မဆီက ပီယာနို Cover တွေမြင်ရနိုင်ပါတယ်”လို့ Rose’ က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page