— သြဂုတ်လအတွက် Boy Group Member Brand Reputation Rankings (၃၀)ဦးစာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။
Korean Business Research Institute ဟာ ဇူလိုင်လ 21ရက်နေ့ကနေ သြဂုတ်လ 21ရက်နေ့အထိ K-pop Boy Group Member (632)ဦးရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူကြိုက်အများဆုံး (သို့) Brand Reputation ဒီစာရင်းကိုထုတ်ပြန်တာလည်းဖြစ်ပါတယ်။
ဒီလမှာလည်း ထိပ်ဆုံးက ပုံမှန်ရပ်တည်နေကြဖြစ်တဲ့ BTS အဖွဲ့ဝင် Jimin က Reputation Index (6,055,559) ရရှိခဲ့ပြီး 32 လဆက်တိုက် ထိပ်ဆုံးမှာဦးဆောင်နိုင်ခဲ့ပါတယ်။ Jimin ရဲ့ နောက် ဒုတိယနေရာမှာ တော့ ASTRO အဖွဲ့ဝင် Cha Eun Woo က Reputation Index (4,403,703) ရရှိပြီး ရပ်တည်ခဲ့ပါတယ်။
နောက်ထပ် နံပါတ် 3 မှာရပ်တည်ခဲ့တဲ့ BTS အဖွဲ့ဝင် Jin ကတော့ Reputation Index (4,273,770) ရရှိခဲ့ပါတယ်။ ထပ်ပြီး BTS အဖွဲ့ဝင်တွေဖြစ်တဲ့ V ၊ Jungkook ၊ Suga ၊ RM တို့ဟာ နံပါတ် 4 ကနေ 7 အထိ အစဉ်လိုက်ရပ်တည်ခဲ့သလို အနုပညာလှုပ်ရှားမှုတွေမရှိတဲ့ သြဂုတ်လ မွေးနေ့ရှင် BIGBANG အဖွဲ့ဝင် G-Dragon ကလည်း နံပါတ် (8)မှာ ရပ်တည်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။
သြဂုတ်လအတွက် Boy Group Member Brand Reputation (30)ဦးစာရင်း
1# BTS’s Jimin ၊ 2# ASTRO’s Cha Eun Woo ၊ 3# BTS’s Jin ၊ 4# BTS’s V ၊ 5# BTS’s Jungkook ၊ 6# BTS’ Suga ၊ 7# BTS’s RM ၊ 8# BIGBANG’s G-Dragon ၊ 9# Super Junior’s Kim Heechul ၊ 10# 2PM’s Junho
11# BTS’s J-Hope ၊ 12# SHINee’s Key ၊ 13# WINNER’s Kang Seung Yoon ၊ 14# SHINee’s Jonghyun ၊ 15# WINNER’s Song Mino ၊ 16# NCT’s Jungwoo ၊ 17# EXO’s D.O. ၊ 18# NCT’s Jaehyun ၊ 19# THE BOYZ’s Hyunjae ၊ 20# GOT7’s Jinyoung
21# THE BOYZ’s Juyeon ၊ 22# SHINee’s Onew ၊ 23# Highlight’s Yoon Doojoon ၊ 24# NCT’s Mark ၊ 25# NCT’s Doyoung ၊ 26# TVXQ’s Changmin ၊ 27# NCT’s Taeyong ၊ 28# Highlight’s Yang Yoseob ၊ 29# EXO’s Kai ၊ 30# MONSTA X’s Minhyuk
-m2t
Ref: Soompi