—- BLACKPINK ရဲ့ “BLACKPINK The Movie” ဟာ ကမ္ဘာအနှံ့ရုပ်ရှင်ရုံတွေမှာ ဝင်ငွေတွေ သောက်သောက်လဲရရှိနေ…
သြဂုတ်လ 17 ရက်နေ့ CJ 4DPLEX and Trafalgar ရဲ့ ထုတ်ပြန်ချက်အရ BLACKPINK အဖွဲ့ရဲ့ ရုပ်ရှင်အသစ် “BLACKPINK The Movie” ဟာ 2021 ထုတ် Movie တွေအနက် ရုပ်ရှင်ရုံတွေမှာ ဝင်ငွေအမြင့်ဆုံးရရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
Music Week ရဲ့ဖော်ပြချက်အရဆိုရင် “BLACKPINK The Movie” ဟာ သြဂုတ်လ 4 ရက်နေ့ စတင်ထုတ်လွှင့်ပြသတဲ့နေ့မှာတင် ကမ္ဘာအနှံ့ရုပ်ရှင် 100 နီးပါးခန့်မှာ ဝင်ငွေ ကန်ဒေါ်လာ 4.8 သန်း အထိ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
“BLACKPINK The Movie” ဟာ BLACKPINK အဖွဲ့ဝင် 4 ဦးရဲ့ Concert Performance တွေနဲ့ သူတို့ရဲ့ အကြောင်းအရာအသစ်တွေကို ဖော်ပြထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ သတင်းရေးတဲ့အ ချိန်အထိ ကမ္ဘာအနှံ့ “BLACKPINK The Movie” ကိုကြည့်သူ 5 သိန်းကျော်ခဲ့ပြီဖြစ်ပါတယ်။
ကမ္ဘာအနှံ့ COVID 19 အကျပ်အတည်းတွေရှိနေပေမယ့် “BLACKPINK The Movie” ကို ရုပ်ရှင် 3400 ကျော်တို့မှာပြသနေပြီး ထပ်ပြီးတော့ များဦးမယ်လို့ ခန့်မှန်းရပါတယ်။ “BLACKPINK The Movie” ဟာ U.S Box Office မှာဆိုရင် နံပါတ် 6 မှာရပ်တည်ခဲ့တာပါ။ မက္ကဆီမှာ စတင်ထုတ်လွှင့်တဲ့ ရပ်မှာဆိုရင် ရုပ်ရှင်ကြည့်ရှုသူ 120000 ကျော်ခဲ့တယ်လို့ သိရပါတယ်။
-m2t
Ref: Soompi