K pop

■ Jungkook နဲ့ တူတယ်ဆိုပြီး ဝန်းရံခံနေရတဲ့ ‘Girls Planet 999’ ပြိုင်ပွဲဝင်တစ်

—- ARMY တွေကရော သူမဟာ Jungkook နဲ့ တူတယ်လို့ ထင်ပါသလား…

‘Girls Planet 999’ ပြိုင်ပွဲဝင်တစ်ဦးဟာ Kang Ye Seo ဟာ BTS ရဲ့ Maknae လေး Jungkook နဲ့ တူတယ်ဆိုပြီး Knetizen တွေကြားမှာ ရေပန်းစားလို့နေပါတယ်။

လက်ရှိအချိန် ‘Girls Planet 999’ Survival Audition Show ဟာ ပရိသတ်စိတ်ဝင်စားမှုခံနေရတဲ့ပြိုင် ပွဲတစ်ခုဖြစ်ပါတယ်။ အဲဒီမှာ ပြိုင်ပွဲတစ်ဦးဖြစ်တဲ့ Kang Ye Seo ဟာ 2017 ခုနှစ်က BUSTERS အဖွဲ့ ဝင်အဖြစ် Debut လုပ်ခဲ့ဖူးပေမယ့် အဖွဲ့ပျက်သွားလို့ ‘Girls Planet 999’ မှာ ပြိုင်ပွဲဝင်နေတာဖြစ်ပါ တယ်။

Knetizen တွေမှာ ပြိုင်ပွဲမှာ Kang Ye Seo ကိုတွေ့ရတာ BTS အဖွဲ့ဝင် Jungkook ကို တွေ့ရသလိုပဲ မှတ်ချက်ပြုနေကြပါတယ်။ Jungkook ရဲ့ Vibe နဲ့ မျက်နှာအကျတွေဟာ Kang Ye Seo မှာတွေ့ရပြီး နှစ်ဦးစလုံး ယုန်ပေါက်လေးတွေနဲ့ တူတယ်လို့ ပြောခဲ့ကြပါတယ်။

ARMY တွေအကြားမှာ Jungkook ကို ယုန်ပေါက်လေးလို့ တင်စားကြတာဖြစ်ပြီး Kang Ye Seo ကိုလည်း သူမပရိသတ်တွေက ‘Kang Rabbit’ ဆိုပြီး နာမည်ပြောင်ပေးတာတွေလည်း တိုက်ဆိုင်နေ ကြတာဖြစ်ပါတယ်။

ARMY တွေကရော Kang Ye Seo ဟာ Jungkook နဲ့ ရုပ်ဆင်တယ်လို့ ထင်ပါသလား…

-m2t
Ref: SBSstar

You cannot copy content of this page