K pop

■ Subscriber 8 သန်းပြည့်သွားတဲ့ Lisa ရဲ့ YouTube Channel

— YouTube Queen ရဲ့ နောက်ထပ် ကိုယ်ပိုင် မှတ်တိုင်တစ်ခုပါပဲ…

သြဂုတ်လ 22 ရက်နေ့က BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ကိုယ်ပိုင် YouTube Channel ဖြစ်တဲ့ “Lili’s Film” ဟာ Subscriber 8 သန်းပြည့်တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ “Lili’s Film” YouTube Channel ဟာ Subscriber 8 သန်းပြည့်တဲ့ မိုင်တိုင်ကိုရောက်ရှိခဲ့တာ ကြောင့် Lisa ဟာလည်း တစ်ဦးချင်း K-pop Female Artist တွေအနက် Subscriber အများဆုံး Female Artist တစ်ဦးအဖြစ် ထိပ်ဆုံးက ရပ်တည်နေဆဲဖြစ်ပါတယ်။

နောက်ပြီး Lisa ဟာ K-pop Artist တွေအားလုံးအနက်မှာတော့ 8 ဦးမြောက် Subscriber အများဆုံး Artist လည်းဖြစ်လာခဲ့ပါတယ်။ YouTube မှာ Subscriber အများဆုံးကတော့ Lisa ရဲ့ အဖွဲ့ BLACKPINK က ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Lisa ဟာ သူမရဲ့ Solo Debut အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး သြဂုတ်လ အကုန်လောက်မှာ ထုတ်လွှင့်ဖွယ်ရှိနေတယ်လို့ ခန့််မှန်းထားကြလို့ BLINK တွေကတော့ Lisa ရဲ့ Solo ကို မျှော်လင့်နေကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page