K pop

■ Spotify မှာ သီချင်း 3 ပုဒ်တည်းနဲ့ 1st and Only Korean Idol စံချိန်ပိုင်ဆိုင်ခဲ့တဲ့ BTS အဖွဲ့ဝင်

—- Spotify မှာ သီချင်း 3 ပုဒ်တည်းနဲ့ Stream သန်း 500 ပြည့်တဲ့ 1st and Only Korean Idol ပါတဲ့…

BTS အဖွဲ့ဟာ Music ပလက်ဖောင်း၊ လူမှုကွန်ရက်စတဲ့ နယ်ပယ်အရပ်ရပ်မှာ စံချိန်တွေ မြောက်များ စွာတင်ခဲ့… တင်နေဆဲဖြစ်သလို အဖွဲ့ဝင်တွေအားလုံးဟာလည်း ကိုယ်ပိုင်စံချိန်တွေ များစွာ စိုက်ထူနိုင် ခဲ့ကြပါတယ်။

အခုလည်း BTS ရဲ့ Golden Maknae လေး Jungkook ဟာ Spotify မှာ သီချင်း 3 ပုဒ်တည်းနဲ့ 1st and Only Korean Idol ဆိုတဲ့ စံချိန်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ Jungkook ဟာ Spotify မှာ သီချင်း 3 ပုဒ်တည်းနဲ့ Stream သန်း 500 ပြည့်တဲ့ 1st and Only Korean Idol အဖြစ် စံချိန်တင်ခဲ့ တာပါ။

Spotify မှာ Jungkook ရဲ့ သီချင်း 3 ပုဒ်ဖြစ်တဲ့ Euphoria ၊ My Time နဲ့ Begin တို့ Stream 266.1 သန်း ၊ 135.5 သန်း၊ 98.5 သန်း ရှိခဲ့ပြီး အားလုံးပေါင်း Stream သန်း 500 ပြည့်ခဲ့တာဖြစ်ပါတယ်။

ARMY တွေရဲ့ Jungkook ရဲ့ စံချိန်သစ်ကို အောင်ပွဲခံတဲ့အနေနဲ့ Twitter မှာ Worldwide Trend တွေပြုလုပ်ခဲ့ကြပြီး ဂုဏ်ဆာခဲ့ကြပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page