K pop

■ TikTok မှာ Follower အများဆုံး BLACKPINK အဖွဲ့ဝင်က ဘယ်သူလဲ

—- ဒီ BLACKPINK အဖွဲ့ဝင်ဟာ TikTok ပလက်ဖောင်းပေါ်မှာ Follower အများဆုံး Korean Soloist တစ်ဦးဖြစ်သလို K-pop Act တွေထဲမှာ တတိယမြောက် Follower အများဆုံးပါ…

သူမကတော့ Rosé ဖြစ်ပါတယ်။ Rosé ဟာ Solo Debut စလုပ်တော့ TikTok မှာ သူမရဲ့ ကိုယ်ပိုင် အကောင့်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအကောင့်မှာ သူမရဲ့ Solo သီချင်းတွေကို ပရိုမိုးရှင်းပြုလုပ်ခဲ့သလို ပရိသတ်တွေနဲ့လည်း ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က သူမရဲ့ ကိုယ်ပိုင် TikTok အကောင့်ဟာ Follower 17 သန်းပြည့်သွားခဲ့ပါတယ်။ ဒါကြောင့် BLACKPINK အဖွဲ့ဝင် Rosé ဟာ TitTok မှာ Follower အများဆုံး Korean Soloist အဖြစ် သူမရဲ့ ထပ်တိုးစံချိန်ကို စိုက်ထူခဲ့တာလည်းဖြစ်ပါတယ်။

Rosé ဟာ Korean Act တွေအနက်မှာတော့ BTS ၊ သူမရဲ့ အဖွဲ့ BLACKPINK တို့ပြီးရင် TikTok မှာ Follower အများဆုံး တတိယမြောက် အကောင့်ပိုင်ရှင်လည်းဖြစ်လာခဲ့တာပါ။ နောက်ပြီး သူမရဲ့ အကောင့် Like လုပ်သူ သန်း 200 နီးပါးရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page