— – – သက်သေအထောက်အထားမရှိဘဲ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် Seungri ရဲ့ရှေ့နေအဖွဲ့က …
BIGBANG အဖွဲ့ဝင် Seungri ဟာ သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို တောင်ကိုရီးယားရဲ့အဆင့်မြင့်ဆုံး High court ထံ အယူခံတင်သွင်းလိုက်ပြီလို့ သူရဲ့ရှေ့နေအဖွဲ့က အတည်ပြုခဲ့ပါတယ်။
သြဂုတ်လ (၂၀)ရက်နေ့မှာ Burning Sun Scandal မှာ ပါဝင်ပါတယ်ဆိုတဲ့ စွဲချက် (၉)ခုအတွက် Seungri ကို စစ်ခုံးရုံးက ထောင်ဒဏ် (၃)နှစ်နဲ့ ဒဏ်ကြေး 1,156,900,000 won (approximately $994,544) ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာပါ။
၂၀၁၈ မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ Burning Sun Scandal နဲ့ပတ်သက်ပြီး Seungri ဟာ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး (၂)နှစ်ကျော်ကြာမှာ စစ်ဆေးခဲ့တဲ့ ကာလအတွင်း အစိုးရရှေ့နေတွေဘက်က Seungri အပြစ်ရှိကြောင်း သက်သေမပြနိုင်ခဲ့သလို၊ မျက်မြင်သက်သေတွေကိုလည်း စစ်ဆေးရာမှာလည်း အားလုံးက Seungri မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြတာပါ။
ဒါပေမဲ့ Burning Sun Scandal ပေါ်ပေါက်ကတည်းက Seungri ဟာ တောင်ကိုရီးယားပြည်သူတွေရဲ့ ငြိုငြင်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံး စစ်ခုံရုံးက အမိန့်ချမှတ်ရာမှာ ပြည်သူတွေရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ ဖော်ပြထားပါတယ်။ ကိုရီးယား Netizen တချို့က သက်သေမရှိပေမဲ့ Seungri ကို ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ နည်းတယ်လို့တောင် ဝေဖန်ခဲ့ကြသေးတာပါ။
နိုင်ငံတကာက ပရိသတ်တွေကတော့ သက်သေမရှိဘဲ အခုလိုအမိန့်ချမှတ်တာဟာ တောင်ကိုရီးယားရဲ့ တရားစီရင်ရေးအားနည်းမှုကို ပြသရာရောက်ကြောင်းနဲ့ Seungri အနေနဲ့ အယူခံဝင်သင့်တယ်လို့ တိုက်တွန်းခဲ့ကြပါတယ်။
အခု Seungri ရဲ့ ရှေ့နေအဖွဲ့က အဲဒီပြစ်ဒဏ်ကို အယူခံဝင်ခဲ့တာဖြစ်ပြီး Seungri ကတော့ စစ်ခုံးရုံးက အမိန့်ချမှတ်ပြီးနောက်မှာ ချက်ချင်းဆိုသလို အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ Seungri ဟာ လက်ရှိမှာ Active Soldier အဖြစ် စစ်မှုတာဝန်ထမ်းဆောင်နေပြီး ပြီးခဲ့တဲ့ဇွန်လက Sergeant အဖြစ် ရာထူးတိုးခံခဲ့ရကာ ပုံမှန်အတိုင်းဆိုရင် လာမယ့် စက်တင်ဘာ (၁၆)ရက်မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာ ဖြစ်ပါတယ်။
Ref: KSZ
-Zawgyi
■ ျပစ္ဒဏ္ခ်မွတ္မႈကုိ Seungri အယူခံ၀င္ခဲ့ၿပီး High court မွာ တရားရင္ဆုိင္မယ္
— – – သက္ေသအေထာက္အထားမရွိဘဲ ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့အေပၚ Seungri ရဲ႕ေရွ႕ေနအဖဲြ႕က …
BIGBANG အဖဲြ႕၀င္ Seungri ဟာ သူ႕အေပၚ ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ေတြကုိ ေတာင္ကုိရီးယားရဲ႕အဆင့္ျမင့္ဆုံး High court ထံ အယူခံတင္သြင္းလုိက္ၿပီလုိ႔ သူရဲ႕ေရွ႕ေနအဖဲြ႕က အတည္ျပဳခဲ့ပါတယ္။
ၾသဂုတ္လ (၂၀)ရက္ေန႔မွာ Burning Sun Scandal မွာ ပါ၀င္ပါတယ္ဆုိတဲ့ စဲြခ်က္ (၉)ခုအတြက္ Seungri ကုိ စစ္ခုံး႐ုံးက ေထာင္ဒဏ္ (၃)ႏွစ္နဲ႔ ဒဏ္ေၾကး 1,156,900,000 won (approximately $994,544) ေပးေဆာင္ဖုိ႔ အမိန္႔ခ်မွတ္ခဲ့တာပါ။
၂၀၁၈ မွာ စတင္ေပၚေပါက္ခဲ့တဲ့ Burning Sun Scandal နဲ႔ပတ္သက္ၿပီး Seungri ဟာ တရားရင္ဆုိင္ခဲ့ရတာ ျဖစ္ၿပီး (၂)ႏွစ္ေက်ာ္ၾကာမွာ စစ္ေဆးခဲ့တဲ့ ကာလအတြင္း အစုိးရေရွ႕ေနေတြဘက္က Seungri အျပစ္ရွိေၾကာင္း သက္ေသမျပႏုိင္ခဲ့သလုိ၊ မ်က္ျမင္သက္ေသေတြကုိလည္း စစ္ေဆးရာမွာလည္း အားလုံးက Seungri မွာ အျပစ္မရွိေၾကာင္း ထြက္ဆုိခဲ့ၾကတာပါ။
ဒါေပမဲ့ Burning Sun Scandal ေပၚေပါက္ကတည္းက Seungri ဟာ ေတာင္ကုိရီးယားျပည္သူေတြရဲ႕ ၿငိဳျငင္ျခင္းကုိ ခံခဲ့ရၿပီး ေနာက္ဆုံး စစ္ခုံ႐ုံးက အမိန္႔ခ်မွတ္ရာမွာ ျပည္သူေတြရဲ႕ပုံရိပ္ကုိ ထိခုိက္ေစတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ကိုရီးယား Netizen တခ်ဳိ႕က သက္ေသမရွိေပမဲ့ Seungri ကုိ ခ်မွတ္ခဲ့တဲ့ ျပစ္ဒဏ္ဟာ နည္းတယ္လုိ႔ေတာင္ ေ၀ဖန္ခဲ့ၾကေသးတာပါ။
ႏုိင္ငံတကာက ပရိသတ္ေတြကေတာ့ သက္ေသမရွိဘဲ အခုလုိအမိန္႔ခ်မွတ္တာဟာ ေတာင္ကိုရီးယားရဲ႕ တရားစီရင္ေရးအားနည္းမႈကုိ ျပသရာေရာက္ေၾကာင္းနဲ႔ Seungri အေနနဲ႔ အယူခံ၀င္သင့္တယ္လုိ႔ တုိက္တြန္းခဲ့ၾကပါတယ္။
အခု Seungri ရဲ႕ ေရွ႕ေနအဖဲြ႕က အဲဒီျပစ္ဒဏ္ကုိ အယူခံ၀င္ခဲ့တာျဖစ္ၿပီး Seungri ကေတာ့ စစ္ခုံး႐ုံးက အမိန္႔ခ်မွတ္ၿပီးေနာက္မွာ ခ်က္ခ်င္းဆုိသလုိ အဖမ္းခံခဲ့ရတယ္လုိ႔ သိရပါတယ္။ Seungri ဟာ လက္ရွိမွာ Active Soldier အျဖစ္ စစ္မႈတာ၀န္ထမ္းေဆာင္ေနၿပီး ၿပီးခဲ့တဲ့ဇြန္လက Sergeant အျဖစ္ ရာထူးတုိးခံခဲ့ရကာ ပုံမွန္အတုိင္းဆုိရင္ လာမယ့္ စက္တင္ဘာ (၁၆)ရက္မွာ စစ္မႈထမ္းတာ၀န္ ၿပီးဆုံးမွာ ျဖစ္ပါတယ္။
Ref: KSZ