K pop

■ ပွဲထွက်ပြီး (၅)ရက်အကြာမှာ Disband လုပ်ခဲ့ရတဲ့ အမျိုးသမီး K-Pop အဖွဲ့

— – – K-Pop သမိုင်းမှာ အမြန်ဆုံး Disband လုပ်တဲ့ အဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အကြောင်းကတော့ …

SOLIA လို့ အမည်ရတဲ့ အမျိုးသမီး K-Pop အဖွဲ့ဟာ ပွဲထွက်ပြီး (၅)ရက်အကြာမှာ Disband လုပ်ခဲ့ရတာကြောင့် K-Pop သမိုင်းမှာ အမြန်ဆုံး Disband လုပ်တဲ့ အဖွဲ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

SOLIA အဖွဲ့ဟာ 2021 သြဂုတ် (၁၇)ရက်က Dream ဆိုတဲ့ သီချင်းနဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး SOLIAအဖွဲ့ကို အကအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Sio.Sijak အဖွဲ့ဟောင်းတွေ၊ New Heart နဲ့ ပွဲမထွက်ရသေးတဲ့ Yours အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် (၅)ဦး ပါဝင်ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာဘဲ SOLIA အဖွဲ့ဟာ ပွဲထွက်ပြီး (၅)ရက်အကြာပြီးနောက် သြဂုတ်လ (၂၃)ရက်မှာတော့ အဖွဲ့ဖျက်သိမ်းကြောင်း သူတို့ရဲ့ IG ကတစ်ဆင့် ကြေညာခဲ့တာပါ။

သူတို့ရဲ့ကြေညာချက်မှာ “သတင်းဆိုး ဝေမျှရလို့ စိတ်မကောင်းကြောင်း၊ သူတို့ရဲ့ ကုမ္ပဏီက အခြေအနေ မကောင်းတာကြောင့် သူတို့ကို ထောက်ပံ့နိုင်ခြင်းမရှိတော့ကြောင်း၊ အချိန်တိုအတွင်း အားပေးခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်ပြီး အခုလိုဖြစ်ခဲ့တဲ့အတွက် တောင်းပန်ကြောင်း” ဖော်ပြထားပါတယ်။

 

Ref: AKP

 

-Zawgyi




SOLIA အဖွဲ့ဟာ သြဂုတ် (၁၇)ရက်ကမှ Dream ဆိုတဲ့ သီချင်းနဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး SOLIAအဖွဲ့ကို အကအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Sio.Sijak အဖွဲ့ဟောင်းတွေ၊ New Heart နဲ့ ပွဲမထွက်ရသေးတဲ့ Yours အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် (၅)ဦး ပါဝင်ပါတယ်။



SOLIA အဖွဲ့ရဲ့ သြဂုတ်လ (၁၇)ရက်က ထုတ်ခဲ့တဲ့ DREAM Official MV ကိုတော့ အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Ref: AKP

You cannot copy content of this page