K pop

■ မင်္ဂလာသတင်းကြေညာပြီးနောက် Bobby ရဲ့ Photo Cards တွေကို ပရိသတ်အချို့ ပြန်လည်ရောင်းချ

— – – မင်္ဂလာဆောင်တော့မှာဖြစ်ပြီး ဖခင်ဖြစ်လာတော့မယ်လို့ ကြေညာခဲ့တဲ့ Bobby ကို ဒေါသထွက်နေတဲ့ …

iKON အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Bobby ဟာ သြဂုတ်လ (၂၀)ရက်က သူ့အနေနဲ့ သိပ်မကြာခင်မှာ မင်္ဂလာဆောင်မှာ ဖြစ်ပြီး စက်တင်ဘာလအတွင်း ကလေးအဖေဖြစ်လာတော့မယ်လို့ သူ့ရဲ့ IG မှာ လက်ရေးစာတင်ကာ ကြေညာခဲ့တာပါ။

Bobby ရဲ့ မင်္ဂလာသတင်းကို အားပေးခဲ့တဲ့ ပရိသတ်တွေ ရှိသလို၊ ကလေးအဖေ ဖြစ်လာတော့မယ်၊ သိပ်မကြာခင်မှာ မင်္ဂလာဆောင်တော့မယ်လို့ ကြေညာခဲ့တဲ့ Bobby ကို ဒေါသထွက်နေတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။

ဒါကြောင့် ကလေးမွေးခါနီးမှ အသိပေးတယ်လို့ စိတ်ဆိုးနေတဲ့ ပရိသတ်အချို့က သူတို့ ဝယ်ယူထားတဲ့ Bobby ရဲ့ Photo Cards တွေနဲ့ သူရဲ့ Solo Album ကို Twitter အပါအဝင် လူမှုကွန်ရက်တွေမှာ ပြန်လည်ရောင်းချဖို့ တင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီထက်ပိုဆိုးတာက ပရိသတ်တချို့ဟာ လူမှုကွန်ရက်တွေမှာ Bobby ကို iKON အဖွဲ့ထဲက ထုတ်ပြီး အဖွဲ့ဝင် (၅)ဦးနဲ့ ဆက်လက်ရပ်တည်ဖို့ တိုက်တွန်းနေတဲ့ Page တွေတောင် ထွက်ပေါ်နေတာပါ။

Bobby ရဲ့ မင်္ဂလာသတင်းနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ YG Entertainment ကတော့ အခုအချိန်ထိ ဘာမှမထုတ်ပြန်သေးပါဘူး။

Ref: KSZ

 

-Zawgyi








Ref: KSZ

You cannot copy content of this page