— – – K-Pop ပရိသတ်တော်တော်များများက သူတို့ချစ်တဲ့ Idol တွေ မင်္ဂလာဆောင်မှာကို မလိုလားကြပါဘူး။ Idol တွေရဲ့ မင်္ဂလာသတင်းကြောင့် နာကျင်နေတဲ့ ပရိသတ်တွေလည်း ရှိပါလိမ့်မယ်။ အဲဒီလိုပရိသတ်တွေအတွက်တော့ BIGBANG အဖွဲ့ဝင် Daesung ရဲ့ ပြောစကားကတော့ …
K-Pop ပရိသတ်တွေ မကြားချင်တဲ့ သတင်းတွေထဲမှာ သူတို့ချစ်တဲ့ Idol တွေရဲ့ မင်္ဂလာသတင်းက ထိပ်ဆုံးက ပါပါလိမ့်မယ်။ အထူးသဖြင့် အသက် (၃၀)မပြည့်ခင်မှာ လက်ထပ်သွားတာမျိုးကို K-Pop ပရိသတ်အများစုက လိုလားခြင်းမရှိကြပါဘူး။
လူသားတွေအနေနဲ့ ဘဝမှာ သူတို့ချစ်တဲ့ လူတွေနဲ့ ဘဝတစ်သက်တာ လက်တွဲကြတာဟာ ဓမ္မတာဖြစ်ပြီး K-Pop Idol တွေကလည်း လူသားတွေထဲက လူတွေပဲဖြစ်တာမျိုး သူတို့ချစ်တဲ့သူတွေနဲ့ လက်ထပ်တာက ဖြစ်သင့်တဲ့ ကိစ္စသာ ဖြစ်ပါတယ်။
BIGBANG အဖွဲ့ဝင် Daesung ရဲ့ ပရိသတ်တွေ့ဆုံပွဲတစ်ခုမှာ ပရိသတ်တွေက “မင်္ဂလာဆောင်ဖို့ အစီအစဉ် ရှိသလား”လို့ Daesung ကို မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းကို Daesung က မင်္ဂလာဆောင်ဖို့ အစီအစဉ်ရှိပါတယ်လို့ ပြန်ဖြေခဲ့ရာမှာတော့ ပရိသတ်ကောင်မလေးတွေက နိုး …. ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။
အဲဒီအခါ Daesung က “ဒါဆို ကျွန်တော် မင်္ဂလာမဆောင်ရဘူးလား။ ကျွန်တော်လည်း လူတစ်ယောက်ပဲလေ။ ဒါဆို ဟုတ်ပြီး ဒီမှာရှိနေတဲ့ ခင်ဗျားတို့အားလုံးရော တစ်ဘဝလုံး Single အဖြစ် တစ်ယောက်တည်း နေသွားကြမှာလား။ ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား။
ခင်ဗျားတို့က တစ်နေ့ကျရင် ကိုယ်ချစ်တဲ့ မင်္ဂလာဆောင်ကြမှာလေ။ ဟုတ်တယ်မလား။ ကျွန်တော်ကတော့ မဆောင်ရဘူးလား။ ဒါက သစ္စာဖောက်တာ မဟုတ်ဘူးလား။ တစ်နေ့တုန်းက Concert မှာ ပရိသတ်တစ်ယောက်က ကျွန်တော့်ကို ပြုံးပြီးလာပြောတယ် ‘တောင်းပန်ပါတယ်တဲ့။ သူ သိပ်မကြာခင် မင်္ဂလာဆောင်တော့မှာတဲ့လေ’ အဲဒီလိုပြောတာ။
ဒီတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ။ ခင်ဗျားတို့အားလုံးက မင်္ဂလာဆောင်နိုင်ပြီးတော့ ကျွန်တော်ကျတော့ မဆောင်ရဘူးလား။ အဲဒါမျိုးတွေ မလုပ်ကြပါနဲ့။ ကျွန်တော်လည်း ကိုယ်ချစ်တဲ့သူနဲ့ မင်္ဂလာဆောင်ချင်တာပေါ့။ ကျွန်တော်က မင်္ဂလာဆောင်မှာပါ”လို့ ပြောဆိုခဲ့တာပါ။
Ref: BBCBW
-Zawgyi
■ ကိုယ္ခ်စ္တဲ့ Idol ကုိ လက္မထပ္ေစခ်င္တဲ့ ပရိသတ္ေတြဖတ္သင့္တဲ့ Daesung ရဲ႕ေျပာစကား
— – – K-Pop ပရိသတ္ေတာ္ေတာ္မ်ားမ်ားက သူတုိ႔ခ်စ္တဲ့ Idol ေတြ မဂၤလာေဆာင္မွာကုိ မလုိလားၾကပါဘူး။ Idol တွေရဲ႕ မဂၤလာသတင္းေၾကာင့္ နာက်င္ေနတဲ့ ပရိသတ္ေတြလည္း ရွိပါလိမ့္မယ္။ အဲဒီလုိပရိသတ္ေတြအတြက္ေတာ့ BIGBANG အဖဲြ႕၀င္ Daesung ရဲ႕ ေျပာစကားကေတာ့ …
K-Pop ပရိသတ္ေတြ မၾကားခ်င္တဲ့ သတင္းေတြထဲမွာ သူတုိ႔ခ်စ္တဲ့ Idol ေတြရဲ႕ မဂၤလာသတင္းက ထိပ္ဆုံးက ပါပါလိမ့္မယ္။ အထူးသျဖင့္ အသက္ (၃၀)မျပည့္ခင္မွာ လက္ထပ္သြားတာမ်ဳိးကို K-Pop ပရိသတ္အမ်ားစုက လုိလားျခင္းမရွိၾကပါဘူး။
လူသားေတြအေနနဲ႔ ဘ၀မွာ သူတုိ႔ခ်စ္တဲ့ လူေတြနဲ႔ ဘ၀တစ္သက္တာ လက္တဲြၾကတာဟာ ဓမၼတာျဖစ္ၿပီး K-Pop Idol ေတြကလည္း လူသားေတြထဲက လူေတြပဲျဖစ္တာမ်ဳိး သူတုိ႔ခ်စ္တဲ့သူေတြနဲ႔ လက္ထပ္တာက ျဖစ္သင့္တဲ့ ကိစၥသာ ျဖစ္ပါတယ္။
BIGBANG အဖဲြ႕၀င္ Daesung ရဲ႕ ပရိသတ္ေတြ႕ဆုံပဲြတစ္ခုမွာ ပရိသတ္ေတြက “မဂၤလာေဆာင္ဖုိ႔ အစီအစဥ္ ရွိသလား”လုိ႔ Daesung ကုိ ေမးျမန္းခဲ့ပါတယ္။ အဲဒီေမးခြန္းကုိ Daesung က မဂၤလာေဆာင္ဖုိ႔ အစီအစဥ္ရွိပါတယ္လုိ႔ ျပန္ေျဖခဲ့ရာမွာေတာ့ ပရိသတ္ေကာင္မေလးေတြက ႏုိး …. ဆုိၿပီး ေအာ္ဟစ္ခဲ့ၾကပါတယ္။
အဲဒီအခါ Daesung က “ဒါဆုိ ကၽြန္ေတာ္ မဂၤလာမေဆာင္ရဘူးလား။ ကၽြန္ေတာ္လည္း လူတစ္ေယာက္ပဲေလ။ ဒါဆုိ ဟုတ္ၿပီး ဒီမွာရွိေနတဲ့ ခင္ဗ်ားတုိ႔အားလုံးေရာ တစ္ဘ၀လုံး Single အျဖစ္ တစ္ေယာက္တည္း ေနသြားၾကမွာလား။ ဒါက ထူးဆန္းတယ္လုိ႔ မထင္ဘူးလား။
ခင္ဗ်ားတုိ႔က တစ္ေန႔က်ရင္ ကုိယ္ခ်စ္တဲ့ မဂၤလာေဆာင္ၾကမွာေလ။ ဟုတ္တယ္မလား။ ကၽြန္ေတာ္ကေတာ့ မေဆာင္ရဘူးလား။ ဒါက သစၥာေဖာက္တာ မဟုတ္ဘူးလား။ တစ္ေန႔တုန္းက Concert မွာ ပရိသတ္တစ္ေယာက္က ကၽြန္ေတာ့္ကုိ ၿပံဳးၿပီးလာေျပာတယ္ ‘ေတာင္းပန္ပါတယ္တဲ့။ သူ သိပ္မၾကာခင္ မဂၤလာေဆာင္ေတာ့မွာတဲ့ေလ’ အဲဒီလုိေျပာတာ။
ဒီေတာ့ ကၽြန္ေတာ္က ဘာလုပ္ရမွာလဲ။ ခင္ဗ်ားတုိ႔အားလုံးက မဂၤလာေဆာင္ႏုိင္ၿပီးေတာ့ ကၽြန္ေတာ္က်ေတာ့ မေဆာင္ရဘူးလား။ အဲဒါမ်ဳိးေတြ မလုပ္ၾကပါနဲ႔။ ကၽြန္ေတာ္လည္း ကုိယ္ခ်စ္တဲ့သူနဲ႔ မဂၤလာေဆာင္ခ်င္တာေပါ့။ ကၽြန္ေတာ္က မဂၤလာေဆာင္မွာပါ”လုိ႔ ေျပာဆုိခဲ့တာပါ။
Ref: BBCBW